Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား လှည့်လည်အသိပညာပေး နှိုးဆော်
Aug 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာခြင်း မရှိစေရန်နှင့်ထိန်းချုပ်ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး/သတိပေး နှိုးဆော်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ဝမ်ပုံကျေးရွာအုပ်စု ရှိကျေးရွာများနှင့် အမှတ်(၄)ရပ်ကွက် တို့တွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် အလှူငွေထည့်ဝင်ရန်နှိုးဆော်
Aug 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင်အောက်ဆီဂျင်စက်ရုံကို ရွာငံမြို့နယ်သံဃာနာယကအဖွဲ့မှ ဆရာတော်ကြီးများနှင့် အနန္တဇိနမျက်စိဆေးရုံမှ ဆရာတော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ကော်မတီများ၊ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်း၍ အနန္တဇိနဘုရားကုန်းတော်ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ထုမြို့တွင် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာပြုလုပ်
Aug 11,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထု မြို့ရှိ ရှမ်းတောင်ထိပ် ရန်ကင်းတောင် စေတီတော် အနီး၌ အောက်ဆီဂျင် စက်ရုံဆာက်လုပ်ရန် ယမန်နေ့ နံနက် ၉ နာရီက ပန္နက်တင်မင်္ဂလာပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်စည်ပင်သာယာဈေးအား Lock Down ချ၍ ယာယီပိတ်ထားမည်
Aug 11,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် နေ့စဉ်ကူးစက်မှုနှုန်း မြင့်တက်နေခြင်း၊ ကျေးရွာများအထိ တစ်နေ့ထက်တစ်နေ့ ပိုးတွေ့သူ (Positive)လူနာ များပြားလာခြင်း၊ အောင်မင်္ဂလာ(၂)ကုန်စုံဈေးအနီးရှိ လမ်းများတွင်လည်း ပိုးတွေ့သူနှင့် ထိစပ်သည့် Lock Down ချ၍Home Quarantine အသွားအလာကန့်သတ်ထားသည့် နေအိမ်တစ်ချို့ များပြားလာခြင်း၊ ပိုးတွေ့လူနာများအား စောင့်ကြည့်ထားရှိရန် နေရာခက်ခဲခြင်း တို့ကြောင့် ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် လူစုလူဝေးမပြုလုပ်ဘဲ ရောဂါကူးစက်မှုမှ လျော့နည်းပပျောက်စေရေးရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ချောင်းငယ်ရပ်ကွက်၊ ဈေးလမ်းရှိ "အောင်မင်္ဂလာ(၂)" ကုန်စိမ်းနှင့်သားငါးဈေး၊ ချောင်းကြီးရပ်ကွက်၊ တိုးချဲ့(၁)လမ်းရှိ ပျံကျဈေးတို့ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက်မှ ဩဂုတ်လ(၁၇)ရက်နေ့အထိ တစ်ပတ်တိတိ Lock Down ချ၍ အသွားအလာကန့်သတ်ပြီး အရောင်းအဝယ်ပြုလုပ်ခြင်းအား ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အောက်စီဂျင်အိုး (၂၀၀)လုံးနှင့် Flow Meter (၂၀၀)ခု ထပ်မံရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လု…
Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့မှ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်(၁၀)နာရီက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြု (၄၀)လီတာဆံ့အရည်ပါပြီး အောက်စီဂျင်အိုး (၂၀၀)လုံးနှင့် Flow Meter (၂၀၀)ခု ထပ်မံရောက်ရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ အတည်ပြုလူနာကုသရေး အဆောင်သစ် ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေး
Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာကုသရေးဆောင်အသစ် ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုအား ယနေ့ နံနက် ၈ နာရီခွဲက တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ၂ ဒသမ ၇ ပေ ဆက်လက် ရေကျော်နေ
Aug 11,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာအချက်အရ တမံရေပြည့်မှတ် ၃၄၀ အထက် ၂ ဒသမ ၇ ပေ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး မုန်းချောင်း အောက်ဘက်နှင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင် အသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ထားရှိကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိသေးကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် မွေးလူနာတစ်ဦး အောင်မြင်စွာ မွေးဖွား
Aug 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် မွေးလူနာတစ်ဦးအား ဩဂုတ်လ(၁၀)ရက်က အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မွေးမိခင်နှင့်ကလေး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25784
Page
25785
Page
25786
Page
25787
Current page
25788
Page
25789
Page
25790
Page
25791
Page
25792
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department