ဇလွန် ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး ခြင်းကို အ.ထ.က(၁)ဇလွန် ၊ အ.ထ.က(မေရီလန်း) ၊ ကော့ကပ် SH ၊ ကျုံရှ SH တို့တွင် စုရပ်(၄)နေရာသတ်မှတ်၍ ယနေ့ နံနက်(၉)နာရီအချိန်ခန့်မှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ၃.၈.၂၀၂၁ ရက်နေ့တွင် ပထမအကြိမ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးနှံခဲ့ပြီး ဒုတိယအကြိမ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ပရဟိတအသင်းများ ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း ၊ သွေးပေါင် ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှသာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)