တနင်္သာရီမြို့နယ်တွင်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တနင်္သာရီ ဩဂုတ်လ ၃၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့်အထက်အဘိုးဘွားများ၊ သာသနာ့အနွယ် ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ စသဖြင့်ဦးတည်အုပ်စု (၁၂)ခုတို့မှ (ပထမ)အကြိမ်၊ Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယ အကြိမ်ကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ တနင်္သာရီ မြို့ပေါ်တွင် အမက-ချောင်းငယ်ကျောင်း ဆေးထိုးစုရပ်၊ အထက(ခွဲ)မောတောင်နှင့် ညောင်ပင်ကွင်း ကျေးလက် ကျန်းမာရေးဌာနတို့တွင် ဆေးထိုးစုရပ်(၃)ခုခွဲ၍ တစ်ပြိုင်တည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိ ရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းမှ ကြီးကြပ်လျက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်မှ ဩဂုတ်လ(၉)ရက်နေ့အထိ (ပထမ)အကြိမ် (Sinopharm)ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်သည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးရင့်သူများနှင့် သာသနာ့အနွယ်ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြား ဦးတည် အုပ်စုများ အားလုံးကို ဆေးထိုးရပ်(၃)ခုခွဲ၍ (ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေးနေခြင်းဖြစ်သည်။

ယမန်နေ့ ဩဂုတ်လ(၂၉)ရက်က ဆေးထိုးစုရပ်(၂)ခုခွဲ၍ တစ်ပြိုင်တည်း ကာကွယ်ဆေးထိုး နှံပေးခဲ့ရာ အမက-ချောင်းငယ်ဆေးထိုးစုရပ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွား(၅၃)ဦး၊ သံဃာနှင့်သီလရှင်(၆)ပါး၊ ပရဟိတ အဖွဲ့ဝင်(၅)ဦး၊ နိုင်ငံ့ဝန်ထမ်း(၄၁)ဦး စုစုပေါင်း(၁၀၅)ဦးကို လည်းကောင်း၊ အထက-တကူကျောင်း ဆေးထိုးစုရပ်တွင် အသက်(၆၅)နှစ်အထက် အဘိုးဘွား(၁၆၆)ဦး၊ သာသနာ့အနွယ်ဝင်(၁၆)ပါး၊ ပရဟိတအဖွဲ့(၂၃)ဦး၊ နိုင်ငံ့ဝန်ထမ်း(၉)ဦး စုစုပေါင်း(၂၁၄)ဦးကိုလည်းကောင်း၊ ဆေးထိုးစုရပ်(၂)ခုတွင် စုစုပေါင်း(၃၁၉)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရ သည်။

တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအသီးသီးမှ ဦးတည်အုပ်စု(၁၂)ခုအား ဦးစားပေး အစီအစဉ်အတိုင်း (၃၁-၇-၂၀၂၁ မှ၉-၈-၂၀၂၁)နေ့အထိ(၁၀)ရက် Sinopharm ကာကွယ်ဆေး လုံးရေ(၁၉၅၅)လုံးဖြင့် လူဦးရေပေါင်း (၃၉၁၀)ဦးအား (ပထမ)အကြိမ်အဖြစ်ထိုးနှံပေးထားကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းထံမှ သိရသည်။