သာစည် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပြီးသူများအား ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကာကွယ်ဆေးဒုတိယအကြိမ်ကို စတင်ထိုးနှံပေးကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို ပထမအကြိမ်က မြို့နယ်ခန်းမနှင့် ရှေ့တန်းနယ်မြေများအလိုက် စုရပ်များ ထားရှိ ထိုးနှံပေးခဲ့ရာ အသက် ၆၅ နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ ရဟန်းသံဃာတော်များနှင့် Volunteer များအပါအဝင် စုစုပေါင်း ၇၀၃၄ ဦး ထိုးနှံပေးခဲ့ကြောင်းသိရပြီး ဒုတိယအကြိမ်ကို ယမန်နေ့နံနက်က စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသူများအား သတ်မှတ်နေရာများ ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော် အဖွဲ့ဝင်ဗိုလ်မှူးတေဇာမြင့်နှင့် ဦးစိုးဝင်းအောင်တို့ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းခဲ့ သိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် အောက်ဆီဂျင်စက်ရုံ အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် အောက်ဆီဂျင်စက် ယာယီ ထားရှိမည့် နေရာဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်