အမ်း ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အသက် ၆၅ နှစ်အထက် ဘိုး/ဘွားများနှင့် ဦးစားပေး အုပ်စုပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရွှေအမ်း တောင်ခန်းမအပါအဝင် မြို့နယ်အတွင်း စုရပ်(၅)နေရာ သတ်မှတ်၍ ယနေ့ နံနက်(၉) နာရီအချိန်က မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
အမ်းမြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်အထက် ဘိုး/ဘွားများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer ပရဟိတများ၊ ဘုန်းတော်ကြီး၊ သီလရှင်၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံများ၏ ဝန်ထမ်းများ၊ အကျဉ်းသား/ အချုပ်သား၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်း၊ ပုဂ္ဂလိက ပို့ဆောင် ရေးဝန်ထမ်းများ၊ Super Market/ ဈေးရောင်းသူပြည်သူ လူဦးရေ(၃၈၀၂)ဦးကို ဩဂုတ်လ(၂)ရက်နေ့မှ (၁၃)ရက်နေ့ထိ ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ယခုဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၇၆၀)လုံး ရရှိ၍ ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် လူဦးရေ(၃၈၀၀)ဦးကို ဩဂုတ်လ(၃၁)ရက်နေ့ မှစတင်၍ နံနက်(၉)နာရီမှ (၁၂)နာရီနှင့် နေ့လယ်(၁)နာရီမှ(၄)နာရီထိ မြို့နယ်ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များ နှင့်အညီ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရသည်။
စိုးမင်းထွန်း