လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

 

လေးမျက်နှာ သြဂုတ်   ၃၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်းကာ ပထမအကြိမ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသောရဟန်း သံဃာများ၊ အသက်(၆၅)နှစ် အထက်မိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊  အဖွဲ့ဝင် (၁)ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေး လာရောက် ထိုးနှံသူ မိဘပြည်သူများအား ရင်းနှီးစွာ နှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။

 

ဒုတိယအကြိမ် ကာကွယ်ဆေးထိုးကြမည့် ရဟန်းသံဃာများ၊ မိဘပြည်သူများအား ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးကြောင်း အထောက်အထားကတ်ပြားများပါ ပြန်လည်ပေးအပ် သွားမည်ဖြစ်သဖြင့် ကာကွယ်ဆေး ထိုးနှံမည့်သူများအနေဖြင့် သာသနာတော်ဆိုင်ရာကတ်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ တစ်ပါတည်း ယူဆောင်သွားရန် လိုအပ်ကြောင်း တာဝန်ရှိသူ များထံမှ သိရသည်။

 

ကျော်ဟိန်း(လေးမျက်နှာ)