ရေး သြဂုတ် ၃၁
မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ဩဂုတ် ၂၉ရက်နေ့ နံနက်ပိုင်းမှစတင်ကာ သတ်မှတ်စုရပ်နေရာများ၌ ဆရာတော်သံဃာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ စုရပ်နေရာများဖြစ်သည့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၊ တစ်ပုလ္လင်နှစ်ဆူဘုရားဓမ္မာရုံ၊ အထက (အဏ္ဏဝါ)ကျောင်းနှင့် အစင်ကျေးရွာ ရတနာ့ဗိမာန် ကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ဒုတိယနေ့အထိ ရဟန်းရှင်လူ/ ပြည်သူ (၁၃၆၅)ဦးအား ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိုးနှံပေးနိုင်ခဲ့ပြီး လာမည့် စက်တင်ဘာလ (၁၀)ရက်နေ့ထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ်၊ ပြန်/ဆက်)