ချင်းရွှေဟော်မြို့တွင် ဖောက်ခွဲရေး ပစ္စည်းများသယ်ဆောင်လာသည့် တရားခံ(၂)ဦး ဖမ်းဆီးရမိ

ချင်းရွှေဟော် စက်တင်ဘာ ၁

ယမန်နေ့ ညနေ(၄)နာရီ အချိန်ခန့်တွင် ကွမ်းလုံမြို့နယ်ဘက်မှ ချင်းရွှေဟော်မြို့ဘက်သို့ မောင်းနှင်လာသည့် YGN 3M/−−− CROWN အမျိုးအစားအဖြူရောင်ယာဉ်နှင့် YGN 7Q/−−− CROWN အမျိုးအစား ခဲရောင်ယာဉ်တို့အား (ချင်းရွှေဟော်) အနောက်တောင်ဘက် (၁)မိုင်ခန့် အကွာ၊ ချင်းရွှေဟော်သံတံတားအနီး ကွမ်းလုံ-လောက်ကိုင်သွား ကားလမ်းပေါ်တွင်  မသင်္ကာ ဖွယ်ရာ တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ဦးလောက်ဖျင် (ဘ) ဦးလောက်ချို မောင်းနှင်လာသည့် ယာဉ်နောက်ဖုံးအတွင်း၌ Remote ဟု ယူဆရသော ၂.၅ လက်မ x ၅ လက်မ ခန့်ရှိ Receiver ဘူး (၂၀)ဘူး၊ ၂၀၀ ဂရမ်ခန့်ရှိ TNT ယမ်းတောင့် (၅၄)တောင့်၊ အစိမ်းရောင် ရှေ့ထွက်မိုင်း (၄)လုံး၊ Remote အဖြူ ရောင် ၁.၅ လက်မ x ၅.၅ လက်မ ခန့်ရှိ (၆)ခု၊ လျှပ်စစ်ဒီတို နေတာ (၃၀၀)ခု၊ New Leader တံဆိပ်ပါ 9V ဓာတ်ခဲ (၂)လုံး နှင့်  iPhone 11 ဖုန်း (၁)လုံးတို့အား သိမ်းဆည်း ရရှိခဲ့သည်။

ထို့အတူ မာတူး (ခ) Z တူးလျာ (အဘ) ဦးလလတ် မောင်းနှင်လာသည့်ယာဉ်အား စစ်ဆေးရာ ရှေ့/နောက် ထိုင်ခုံများအောက်ရှိ ယာဉ်ကြမ်းခင်းအတွင်း၌  ၂၀၀ ဂရမ်ခန့်ရှိ TNT ယမ်းတောင့် (၄၄၈)တောင့် iPhone 12 Pro အမျိုးအစား ဖုန်း(၁)လုံး၊ Oppo F 19 Pro အမျိုးအစား ဖုန်း(၁)လုံးတို့အား  သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ(၂)ဦးအား အမှုဖွင့်လှစ်၍ ကွင်းဆက် ဖော်ထုတ်စစ်ဆေး နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)