သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

သာစည် စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်းသိရသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်ကအမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာသက်ကြီးဘိုးဘွားများထံ ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ 

ထောက်ပံ့ငွေပေးအပ်ရာတွင် ဒုတိယသုံးလပတ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့အတွက် ပထမအသုတ်အဖြစ် မြို့ပေါ် ၇ ရပ်ကွက်မှ ၁၃၅ ဦး၊ လှိုင်းတက် ရှေ့တန်းနယ်မြေကျေးရွာများမှ  ၂၇၂  ဦးနှင့် ညောင်ရမ်းရှေ့တန်းနယ်မြေကျေးရွာများမှ  ၂၅၀ ဦး စုစုပေါင်း ၆၅၇ ဦးအတွက် တစ်ဦးလျှင်ငွေကျပ် ၃၀,၀၀၀ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။           

မြို့နယ်(ပြန်/ဆက်)