အမြို့မြို့အနယ်နယ်သတင်းများ

Sep 01,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံပျောက် ဝေဒနာ ခံစားနေရသူများကို Mobile Test Kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ (၁၁)ဦး တွေ့ရှိခဲ့သဖြင့် အတည်ပြုလူနာ (၁၁၃၆)‌ဦးအနက်မှ (၉၃၀)ဦးဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး သေဆုံးသူ (၈၄)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 01,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများ တွေဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Sep 01,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က သင်္ဘာကျင်းရပ်ကွက် အတွင်းရှိ ရေတပ်အိမ်ထောင်သည်အိမ်ယာ(လိုင်းခန်း)သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Sep 01,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ယနေ့နံနက် ၆နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၁၃ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိ ရန် ၇ စင်တီမီတာ(၂)လက်မခန့်သာ လိုတော့ခြင်းကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှုသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရ သည်။
Sep 01,2021
မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသတွင် တည်ရှိသော မင်းဘူးမြို့သည် မကွေးတိုင်းဒေသကြီးတွင် တည်ရှိပြီး အနောက်ဘက်တွင် ငဖဲမြို့၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်နှင့် မကွေးမြို့၊ တောင်ဘက်တွင် မင်းလှမြို့၊ မြောက်ဘက်တွင် ပွင့်ဖြူမြို့တို့နှင့် ဆက်စပ်လျက် ရှိသော မြို့တစ်မြို့ဖြစ်သည်။
Sep 01,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ တဖြေးဖြေး မြင့်တက်လာကာ မြေနိမ့်ပိုင်းဒေသများ မြစ်ရေဆက်လက် ဝင်ရောက်နေပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၁၄၅ စင်တီမီတာသာ လိုတော့ကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်အုန်းက ပြောသည်။
Sep 01,2021
တောင်ကြီးမြို့နယ်တွင် RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုကို Pilot Project ဖြင့် အခမဲ့ စစ်ဆေးမှုများကို ဩဂုတ်လ ၂၃ ရက်မှ စတင်ပြီး ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ပိုး‌တွေ့ လူနာပေါင်း (၃၃၅) ဦးတွေ့ရှိကြောင်း သိရသည်။