သာပေါင်း သြဂုတ် ၃၁
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး(၃၀၈)ဦး၊ အဘွား(၄၆၄)ဦးတို့ကို ဧပြီလ၊ မေလ၊ (ဇွန်လ)တတိယ သုံးလပတ်အတွက် လူမှုရေးပင်စင်(၃၀၀၀၀)ကျပ်တို့အား သက်ကြီးဘိုးဘွားများ ကိုယ်စား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံသို့ ယမန်ရက်နေ့ နေ့လည် ၁၁ နာရီခွဲ အချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သာပေါင်းမြို့နယ် ရွှေပြည်အေးခန်းမ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၃)မြို့နယ်လဝက ဦးစီးမှူး ဦးဇော်ဝင်းအောင်နှင့် မြို့နယ် လူမှု၀န်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်တို့က ထောက်ပံ့ငွေများကို ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး ရပ်ကွက်၊ကျေးရွာအုပ်ချုပ်မှူးများက သက်ကြီးဘိုးဘွားများ၏ နေအိမ်အရောက် သွားရောက် ပေးအပ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း