ရန်ကုန် ၊ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလှူဒါန်းခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ၌ ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များတက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာ့အားမာန်စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ နာယကဦးတင်မောင်နှင့် ဇနီးဒေါ်စီစီမိုး (Xie Family Co.Ltd)မှ ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာ တန်ဖိုးရှိ အောက်ဆီဂျင် Generation System 50m3/h (၁)လုံး ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA) ဗဟိုဥက္ကဋ္ဌဦးရဲထွန်းနှင့်ဇနီးဒေါ်မို့မို့အေးကျော်မိသားစုမှ လူနာတင်ယာဉ်(၁)စီး၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ ငွေကျပ်-သိန်းလေးရာ ခြောက်ဆယ်တန်ဖိုးရှိ Medical Oxygen Concentrator (၂၀) လုံး နှင့် Medical Ventilator (၅)လုံး ၊ ဦးကောင်းမြတ်ဇော်၊ အုပ်ချုပ်မှုဒါရိုက်တာ (Esperado Lake View Hotel)မှ ငွေကျပ် သိန်းသုံးရာ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ငွေကျပ်−သိန်းနှစ်ရာငါးဆယ်တန်ဖိုးရှိ Liquid Oxygin (၂၅)တန် ၊ ဦးသက်မျိုးနှင့်ဒေါ်မိုးသီတာဇော် (မိုးရတနာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီမိသားစု) နှင့် ဒေါက်တာစည်သူဝင်း ( Future Bright Co.,Ltd )မှ ငွေကျပ်-သိန်းနှစ်ရာတစ်ဆယ့်ငါးသိန်း တန်ဖိုးရှိ Liquid Oxygein Tank 499 L (1) unit နှင့် Air Hearted Vaparizer (1) unlt ၊ မြန်မာ့အားမာန်စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ လှိုင်ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေကျပ်-သိန်းတစ်ရာ ၊ ဦးအောင်ဘိုဦး၊ မန်နေဂျင်းဒါရိုက်တာ { Royal Home pro Co,Ltd မှ ငွေကျပ်-သိန်းတစ်ရာ ၊ ဦးအောင်ထွေး၊ ဥက္ကဋ္ဌ(Great Calio Construction Company Limited)မှ ငွေကျပ် သိန်းတစ်ရာ၊ ဦးမောင်မောင်တင် မိသားစုမှ ငွေကျပ်-သိန်းတစ်ရာ၊ ကွယ်လွန်သူဦးရာမေ့စ်အားရည်စူး၍ မိခင်ဒေါ်နီတာအား အမှူးထားကာ ကိုနီတေ့ရ် ၊ သူရိယဒီပကုမ္ပဏီမှ ငွေကျပ် သုံးသိန်းနှစ်သောင်းငါးသောင်း တန်ဖိုးရှိ အဝတ်ခြောက်ခံစက်(၁)လုံး၊ သုဓမ္မမဏိဇောတဓရ ဦးဌေးဦး(MD) တော်ဝင်ချမ်းသာကုမ္ပဏီမိသားစု) (ရန်ကုန်တိုင်းဒေသကြီး YMBA အသင်းအလုပ်အမှုဆောင်)မှ ငွေကျပ်− သုံးသိန်းနှစ်သောင်းငါးထောင်တန်ဖိုးရှိ အဝတ်လျှော်စက်(၁)လုံး၊ ဦးအောင်ဖြိုးလင်း (ceberge” Co.,Ltd)မှ ငွေကျပ် နှစ်သိန်းငါးသောင်းတန်ဖိုးရှိ Flowmeter ၊ ပိုက်(၁၀)စုံ ၊ ဦးစန်းဝေ ဥက္ကဋ္ဌ (အနောက်ပိုင်းခရိုင် YMBAအသင်း) မှငွေကျပ် နှစ်သိန်းငါးသောင်းတန်ဖိုးရှိ Flowmeter ၊ ပိုက် (၁၀)စုံ လှူဒါန်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီး YMBA အသင်းမှ ငွေကျပ်− နှစ်သိန်းငါးသောင်းတန်ဖိုးရှိ Flowmeter ၊ ပိုက်(၁၀)စုံပစ္စည်းတန်ဖိုးငွေကျပ် သိန်းနှစ်ထောင်တစ်ရာသုံးဆယ်ကိုးသိန်း နှင့်လူနာတင်ယာဉ် (၁)စီး နှင့် ငွေသားတန်ဖိုးငွေကျပ် သိန်းခုနှစ်ရာစုစုပေါင်း သိန်းပေါင်းနှစ်ထောင်ရှစ်ရာ ကိုးဆယ့်သုံးသိန်း တိတိနှင့် လူနာတင်ယာဉ်တစ်စီးတို့ကို ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူပေးကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ဝန်ကြီးချုပ်မှ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်းသိရသည်။
ဆန်းကျော်ဦး