အမြို့မြို့အနယ်နယ်သတင်းများ

Sep 01,2021
ကိုဗစ်-၁၉‌‌‌‌‌ ရောဂါ ကူးစက်ပြန့်ပွား‌နေစဉ် ကာလအတွင်းပြည်သူများ စား‌‌သောက်ရေး လွယ်ကူလျှင်မြန်‌‌စေရန် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ အခြားစား‌သောက်ကုန်များကို ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်များ၌‌ ရောင်းချ‌‌ပေးလျှက်ရှိရာ အခြေခံစား‌‌သောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ကြက်ဥစသည်များကို သြဂုတ်(၃၀)ရက်နေ့နံနက်(၉)နာ‌ရီမှစတင်ကာ ယနေ့ထိဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်ရှိ မဏ္ဍိုင်လမ်းမကြီးနှင့် ရွှေစေတီလမ်းထောင့် တွင်လည်းကောင်း၊ ဇေယျာသီရိရပ်ကွက်ရှိ ပေ(၈၀)လမ်းမကြီး၊ ဓမ္မာရုံ‌ရှေ့တွင် ်လည်းကောင်း၊‌ ရွေ့လျားယာဉ်ဖြင့် အဖိုးနှုန်းသက်သာစွာ လိုက်လံရောင်းချ ပေးခဲ့ကြောင်းသိရသည်။
Sep 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းသည့် အာယုဒါန အောက်စီဂျင်ထုတ်စက်ရုံ ပုံမှန်လည်ပတ်လျက်ရှိပြီး နေ့စဉ် ၄၀ လီတာဝင်အိုး ၂၀၀ ခန့်ကို ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 01,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ်  ထိန်းချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းကာ ရွေ့လျားယာဉ်ဖြင့် အခမဲ့ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အတွင်း ရှိကျေးရွာများမှ ဒေသခံ ကျေးလက် နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး RDT (Test Kits)ဖြင့် ရောဂါ ရှာဖွေစစ်ဆေးခြင်း များ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Sep 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ အသက်(၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ   လူမှုရေးပင်စင်အကျိုးခံစားခွင့်အတွက် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  ပေးအပ်ခဲ့သည်။
Sep 01,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ  စီစဉ်ဆောင်ရွက်သော ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးမည့် လူဦးရေစာရင်းကောက်ယူရေးသင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
Sep 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ဒုတိယ အကြိမ် ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို စစ်ကိုင်းမြို့၊ ဆက်သွယ်ရေးတာဝါတိုင်အနီး ဧရာဝတီ မြစ်ကမ်းနံဘေးတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က(၁၁)၌ အသက်(၆၅)နှစ်နှင့် အထက် အဘိုး/အဘွားများကို ယနေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။