ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ် − ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများသိရှိလိုက်နာရမည့် ညွှန်ကြားများအား  အသိပေးနှိုးဆော်

တောင်ပြိုလက်ဝဲ   စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ်− ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရန်သြဂုတ်လ ၃၁ ရက် ယနေ့နေ့လယ် ၂ နာရီအချိန်ခန့်တွင် အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်များသို့  လှည့်လည်ကြေညာခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ အသိပေးနှိုးဆော်ရာတွင်  တတ်နိုင် သမျှအိမ်တွင်း၌သာ နေထိုင်ရန်၊ အိမ်တွင်ဧည့်သည်လက်ခံခြင်းလုံးဝ မပြုလုပ်ရန်နှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည် အဖြစ်သွားရောက်ခြင်း လုံးဝ မပြုလုပ်ရန်၊ အိမ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင်းသူ (သို့) ဆီးချို၊ သွေးတိုး၊ နှလုံး စသည့်နာတာရှည် ရောဂါ တစ်ခုခုခံစား နေရသူရှိပါကထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို တပ်ဆင်ထားရန်၊ လေဝင်လေထွက် ကောင်းသည့် နေရာတွင်နေရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ရန်၊ လက်ကိုစနစ်တကျဆေးကြောကြရန်၊ အခြားသူများနှင့်(၆)ပေအကွာ ခပ်ခွာခွာနေရန်၊ လေဝင်လေထွက် မကောင်းသောအခန်း များသို့သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး လုံးဝ ရှောင်ကြဉ်ရန်၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ စျေးဝယ်ရန်၊ ပါးစပ်နှင့် နှာခေါင်း စည်းစနစ်တကျ တပ်ဆင် ထားခြင်းမရှိသော စျေးရောင်းသူများထံမှစျေးမဝယ်ရန်၊ အပြင်ထွက်ရာမှအိမ်ပြန်ရောက် သောအခါတွင် အိမ်သို့ရောဂါပို့များ သယ်ဆောင်လာခြင်းများ မရှိစေရေးသတိပြုရန်၊ အသုံး ပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ/ ကိုယ်လက် သန့်စင်ခြင်း မပြုမည် အိမ်သားများ နှင့်အနီးကပ် ထိတွေ့ခြင်းမှရှောင်ကြဉ်ရန်၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက်အကောင်းဆုံး ဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရန်၊ ကာကွယ် ဆေးထိုးနှံပြီး သော်လည်း  ကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာရန်၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သမျှဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှုပညာရပ်များဖြင့်စနစ်တကျပါဝင် ပူးပေါင်းပေးကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနမှညွှန်ကြားချက်အားပြည်သူများ မိုပိုကျယ်ပြန့်စွာ သိရှိစေရန် အသိပေး နှိုးဆော်ခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)