Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူငွေများနှင့် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံများ လှူဒါန်း
Sep 02,2021
မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာများနှင့်မြို့နယ် အတွင်းရှိ သွားလာကန့်သတ် ကိုဗစ်စင်တာတို့တွင် ကူညီဆောင်ရွက်ပေးနေသော လူမှုကယ်ဆယ်ရေး အဖွဲ့များ အာဟာရသုံးဆောင်နိုင်ရန်အတွက် ယမန်နေ့က မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူငွေ များကို လာရောက်လှူဒါန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ဧရာမင်းမိုးစပါး(၂၁၅၇၀)ဧက စိုက်ပျိုးပြီးစီး
Sep 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါးများကို ဆည်ရေသောက်စနစ်၊ မိုးကောင်းရေသောက်နှင့် စက်ရေတွင်းများအသုံး၍ စိုက်ပျိုးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဧရာမင်းမိုးစပါး (၂၁၅၇၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် ရေကြီးခြင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်
Sep 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတခရိုင်၊ ကြံခင်းမြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် မြစ်ရေကြီးခြင်း အန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းနီး နေထိုင်ကြသော ပြည်သူများသိရှိစေရန် Speed Boad စက်တပ်ရေယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများဆောင်ရွက်
Sep 02,2021
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး အတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၈၀.၁ သန်းဖြင့် ကျေးလက် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်သူများအား စက်တင်ဘာလ(၃)ရက်နေ့တွင် ထိုးနှံပေးမည်
Sep 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည်သူများအား စက်တင်ဘာလ(၃)ရက်နေ့တွင် ကျွန်းစုမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားများအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းည…
Sep 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ထုတ်ဝေသည့် “ ပန်းခင်း ” စီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံ သားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး နိုင်ရေး လုပ်ငန်းလမ်းညွှန်လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရန်ကုန်ဘူတာကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ RDT- Test Kit ဖြင့် အခမဲ့စစ်ဆေးပေး
Sep 02,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၊ကမာဝက်တိုက်နယ်ဆေးရုံ၊ ကလော့သော့ ကျေးရွာ၊ တံခွန်တိုင်ကျေးရွာနှင့်ကော့ခပုံကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌ အခမဲ့စစ်ဆေးပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများပြိုကျသဖြင့် ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် ၄ လုံးအတွက် ထောက်ပံ့ငွေပေးအပ်
Sep 02,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများပြိုကျသဖြင့် ဆင်တဲ ကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာ၌ ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် ၄ လုံးအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်း၌ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25732
Page
25733
Page
25734
Page
25735
Current page
25736
Page
25737
Page
25738
Page
25739
Page
25740
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department