ကျွန်းစုမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်သူများအား စက်တင်ဘာလ(၃)ရက်နေ့တွင် ထိုးနှံပေးမည်

ကျွန်းစု စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ‌ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည်သူများအား စက်တင်ဘာလ(၃)ရက်နေ့တွင် ကျွန်းစုမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လက သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများ၊ ဈေးရောင်းသူများနှင့် မိသားစုဝင်များက ပထမအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း (၅၅၃၉)ဦး ရှိပြီး ၎င်းတို့အား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ရာ ကျွန်းစုမြို့နယ်အတွက် Sinopharm (CHINA) ထုတ် ကိုဗစ် ကာကွယ်ဆေး ၉၉၂ လုံး(တစ်လုံးလျှင် ၅ ယောက်စာ)နှင့် ၅၈၂လုံး(တစ်ယောက်စာ)အတွက်ရရှိပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ၌ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)