ကြံခင်း စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတခရိုင်၊ ကြံခင်းမြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် မြစ်ရေကြီးခြင်း အန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းနီး နေထိုင်ကြသော ပြည်သူများသိရှိစေရန် Speed Boad စက်တပ်ရေယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ အသိပေးခြင်းသည် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေသဖြင့် မြစ်ကမ်းနီး နေထိုင်သော ပြည်သူများ ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်သောအဖွဲ့၊ မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ဇာဏီဘိုနှင့် အဖွဲများက ပူးပေါင်းပြီး အသိပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပေးချက်တွင် မြစ်ရေကြီးခြင်းသတင်းကို အမြဲနားထောင်ရန်၊ သောက်ရေနှင့် တာရှည်ခံအစားအသောက်များ ကြိုတင်စုဆောင်းထားရန်၊ အသက်ကယ်ဘော၊ အင်္ကျီ၊ ငှက်ပျောတုံးစတဲ့ ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန်၊ မြွေနှင့်အခြားအဆိပ်ရှိသော သတ္တဝါများ အန္တရာယ်ကိုသတိထားရန်၊ ကျွဲ၊ နွား တိရစ္ဆာန်များကို ကြိုတင်ရွေ့ပြောင်းထားရန်၊ ရေကြီးစဉ် ချက်ပြုတ်စားသောက်ရန် လောင်စာတောင့်များအား ကြိုတင်စုဆောင်းထားရန်၊ မိသားစုများ စုဆည်းနေရာ သတ်မှတ်ရန်၊ ရေလွှမ်းရာ ကမ်းပါးရှိနေရာများကို လမ်းလျှောက်သွားလာခြင်း မပြုရန်၊ ဝမ်းရောဂါကာကွယ်ရေးအတွက် ရေကိုကြိုချက်သောက်သုံးရန်၊ မြေအောက်လျှပ်စစ် ပါဝါလိုင်းများနှင့် ဝေးဝေးနေရန်၊ ထိခိုက်ပျက်ဆီးမှု အခြေအနေအား စာရင်းပြုစုပြီး ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးများကို အားလုံးနှင့်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်စတဲ့ အချက် (၁၆)ချက်ကို ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)