ကျောက်ဆည် စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါးများကို ဆည်ရေသောက်စနစ်၊ မိုးကောင်းရေသောက်နှင့် စက်ရေတွင်းများအသုံး၍ စိုက်ပျိုးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဧရာမင်းမိုးစပါး (၂၁၅၇၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်
မိုးစပါးများစိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်ဖြင့်(၅၂၄၅၇)ဧက၊ မိုးကောင်း ရေသောက်ဖြင့် (၂၃၂)ဧက၊ စက်ရေတွင်းရေဖြင့်(၁၁၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ စပါးများအဓိကထားစိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးခြင်းအပြင် မျိုးစေ့တိုက်ရိုက်ချ စနစ် ဖြင့်လည်း စိုက်ပျိုးကြကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ဧရာမင်း မိုးစပါး(၂၁၅၇၀)ဧကအပြင် မနောသုခ(၁၅၀၀)ဧက၊ ရွှေမနော(၁၆၅၀)ဧက စုစုပေါင်း(၂၄၇၂၀)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှ သိရှိ ရသည်။
သက်မောင်(ကျောက်ဆည်)