ရေစကြို စက်တင်ဘာ ၂
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများပြိုကျသဖြင့် ဆင်တဲ ကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာ၌ ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် ၄ လုံးအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်း၌ ပေးအပ်ခဲ့သည်။
အဆိုပါ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ပြိုကျသဖြင့် ဆင်တဲကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာမှ အိမ်ခြေ(၄)စု လူဦးရေ ကျား(၆)ဦး၊ မ(၈)ဦး၊ စုစုပေါင်း ၁၄ ဦးတို့အား နီးစပ်ရာ ဆွေမျိုးများနေအိမ်၌ ယာယီနေထိုင်နိုင်ရေး စီစဉ်ရွက်ပေးထားပြီး အိမ်ခြေ ၄ လုံး ဖျက်သိမ်းခဲ့ရသည့် အတွက် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ် ၄၀၀၀၀၀ ခန့်ဖြစ်ကြောင်းနှင့် အိမ်ခြေ ၄ လုံး ဖျက်သိမ်း ခဲ့ရသည့်အတွက် တစ်အိမ်ထောင်စုလျှင်ကျပ် ၁ သိန်း၊ အိမ်ထောင်စု ၄ စုအတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေ တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တစ်ပတ်စာ ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းအိစံနှင့် ရေစကြိုမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဒေါ်တင်မာနွယ်တို့က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော် (ချင်းတွင်းသား)