အမြို့မြို့အနယ်နယ်သတင်းများ

Sep 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊   ယင်းမာပင်ခရိုင်၊  ပုလဲမြို့၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌  အနောက်မြောက်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့်   ဌာဆိုင်ရာ  တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊    လူမှုရေးအသင်းအဖွဲ့များ၏  တွေ့ဆုံပွဲကို  စက်တင်ဘာ  ၂ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသည့် Oxygen အိုးများနှင့် မိုင်းဖြတ်တပ်နယ်မှ ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန်များကို ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးကူညီမှုအသင်းသို့ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ယ‌မန်နေ့အထိ အမှတ်(၇) ရပ်ကွက် အုတ်ဖိုရပ် နှင့်ရွာဟောင်းရပ် အိမ်‌ထောင်စုပေါင်း (၃၂)စု၊ လူဦးရေ(၁၄၄)ဦး၊ အမှတ်(၈)ရပ်ကွက် ပုဂံစုရပ်အိမ်‌ထောင်စုပေါင်း(၁၀)စု၊ လူဦးရေ(၃၆)ဦးသည် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့်‌ ယနေ့မှစတင်၍ရေဘေးရှောင် ယာယီစခန်းများ၌ ရွှေ့ပြောင်းကြောင်း သိရသည်။
Sep 02,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် ပိုင်းက ရွှေတောင်မြို့ ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်၊တိုက်နယ်ဆရာဝန် များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကူးဆက်ခံရမှုအခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ်မှုများနှင့်ပက်သက်၍ မေးမြန်းခြင်းနှင့်တိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွါးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
Sep 02,2021
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုက်ငန်းများ ဆောင်ရွက်လျှက်ရှိသော စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများ၊ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း ခြင်းကို တကောင်းရပ်ကွက်ရှိ အဆိုပါအသင်းရုံးတွင် နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ ဒေသခံပြည်သူများ ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အခက်အခဲမရှိ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Sep 02,2021
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မကွေးမြို့နယ်၊ မြေနုကျေးရွာရှိ အိမ်ထောင်စု (၈)စုအား ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က အဆိုပါကျေးရွာအတွင်း ကုန်းမြင့်တည်ရှိရာ ဘက်စုံသုံးခန်းမသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။
Sep 02,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် အောက်ဆီဂျင်လိုအပ် နေသော လူနာများအတွက် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။