မုဒုံ စက်တင်ဘာ ၂
မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာများနှင့်မြို့နယ် အတွင်းရှိ သွားလာကန့်သတ် ကိုဗစ်စင်တာတို့တွင် ကူညီဆောင်ရွက်ပေးနေသော လူမှုကယ်ဆယ်ရေး အဖွဲ့များ အာဟာရသုံးဆောင်နိုင်ရန်အတွက် ယမန်နေ့က မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူငွေ များကို လာရောက်လှူဒါန်းကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အလှူငွေကျပ်သိန်း ၃၀ နှင့်မြို့နယ် ဆေးရုံ၌လိုအပ်လျက်ရှိသော တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ အစုံ(၅၀)ကိုလည်ကောင်း၊ မွန်အမျိုး သမီးမဟာမိတ်အဖွဲ့မှ အလှူငွေကျပ် ၅၇၅၀၀၀ ကိုလည်းကောင်း အသီးသီး လာရောက်လှူဒါန်းခဲ့ရာ မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က လက်ခံ၍ အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)