Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့်ဖောင်ကြီး ကိုဗစ်-၁၉ရောဂါကုသဆေးရုံတို့တွင် တာဝန်ထမ်းဆောင်မည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကိုထောက်ပံ့ပစ္စည်းများပေးအပ်…
Sep 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီကြီးကြပ်ရေးကော်မတီကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဖောင်ကြီး ကိုဗစ်-၁၉ရောဂါကုသရေးဆေးရုံတို့တွင် အလှည့်ကျ တာဝန်ထမ်းဆောင်နေကြသော ခရိုင်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကို ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်ခြင်းကို ဖောင်ကြီးပြည်သူ့ဝန်ထမ်းကျောင်း ကိုဗစ်-၁၉ရောဂါကုသရေးဆေးရုံ ကြက်ခြေနီသူနာပြုရုံးခန်း၌ ယနေ့ နံနက် ၉နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဒေသရှိကော်ဖီ အစုအဖွဲ့တောင်သူများနှင့် တွေ့ဆုံဆွေနွေး
Sep 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဓနုဒေသရှိ ကော်ဖီအစုအဖွဲ့တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှ လူမှုကယ်ဆယ်ရေးအသင်းမှအောက်စီဂျင်အိုးများ အခမဲ့ ငှားရမ်းပေးလျက်ရှိ
Sep 02,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျောက်တွင် ကူညီကယ်ရေးလုပ်ငန်းများကို စိတ်အားထက် သန်စွာပူးပေါင်း ဆောင်ရွက်နေသော မင်းလှလူမှုကယ်ဆယ်ရေးအသင်းသည် ယမန်နေ့မှ စတင်ကာ အောက်စီဂျင်အိုးများ(လေအပါ)အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စွမ်းအားမြှင့် "အေဝမ်း" မီးဖိုများ အခမဲ့ဖြန့်ဝေ
Sep 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ စွမ်းအားမြှင့် "အေဝမ်း" မီးဖိုများ အခမဲ့ ဖြန့်ဝေ ပေးခြင်း ကို ယနေ့နံနက်(၁၀)နာရီက မုန္တောလေးကျေးရွာအုပ်စု၊ မုန္တောလေးကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ခြံစည်းရိုးပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း…
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦတွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အခြေခံအဆောက်အအုံလုပ်ငန်းဖြစ်သည့် ခြံစည်းရိုး ပြုလုပ်ခြင်းလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့၌ အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ
Sep 02,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြည်နယ်အတွင်းရှိမြို့နယ်များရှိ အခြေခံလူတန်းစားများအား ကိုဗစ်ရောဂါ ဖြစ်ပွားနေမှု အခြေအနေအရ အဆင်ပြေစွာ စားသုံးနိုင်စေရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်ပြီး စီမံဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်များအတွင်းသို့ မော်တော်ယာဉ်ဖြင့် သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ် မင်းကုန်းကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Sep 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မင်းကုန်းကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူပူးပေါင်းပါဝင်သည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ရွာတွင်းလမ်းများ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် လှိုင်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ခြောက်သိန်းငါးမျိုးစိုက်ထည့်
Sep 02,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်အတွင်း သို့ ငါးမျိုးများကို စိုက်ထည့်ပေးလျက်ရှိပြီး စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက လှိုင်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ခြောက်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25728
Page
25729
Page
25730
Page
25731
Current page
25732
Page
25733
Page
25734
Page
25735
Page
25736
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department