အမြို့မြို့အနယ်နယ်သတင်းများ

Sep 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်း မှတစ်ဆင့် လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၅၄၈ ဦး တို့ ယမန်နေ့က ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
Sep 02,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသည့် လူနာများနှင့် အရေးပေါ်လူနာများ ကုသနိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ၊ PPEဝတ်စုံများနှင့် ကိုဗစ် ရောဂါ ကာကွယ်ရေး သုံးဆက်စပ်ပစ္စည်းများအား ထောက်ပံလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 02,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ဝါတွင်းကာလအတွင်း ဘုန်းကြီးကျောင်းများ၌ အရုဏ်ဆွမ်းများ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဆွမ်းဆန်စိမ်း၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့သည်။
Sep 02,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ (အ.ထ.က) ကျောင်းတွင် ယနေ့ နံနက် ၈ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုး  နှင့် ကျေးလက်ကျန်းမာရေး အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက  ဦးစီးပေးထိုးသင့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm  (Vero cell)ကို ဒုတိယအကြိမ် ဆက်လက်  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 02,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ များပြား လာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းသတ်မှတ်ထားခဲ့ပြီး အဆိုပါ ကာလ မကုန်ဆုံးသေးလျက်ရှိရာ သွားလာမှု များသည့်နေရာ များတွင်  ပြည်သူများအား ယနေ့နံနက်ပိုင်းက RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးပေးလျက် ရှိကြောင်း သိရ သည်။
Sep 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးထူးကျော်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Sep 02,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်(၁၂၆၀) စင်တီမီတာဖြစ်သော်လည်း လက်ရှိတွင်(၁၁၈၄)စင်တီမီတာသို့လည်းကောင်း ၊ ဒုဌဝတီ မြစ်ရေသည် စိုးရိမ်ရေအမှတ်(၈၇၀)စင်တီမီတာဖြစ်သော်လည်း လက်ရှိတွင်(၈၂၆)စင်တီမီတာသို့ ရောက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။