Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်မြို့နယ်ရှိ ကျန်းမာရေးဆိုင်ရာနှင့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများအား ထောက်ပံ့ကြည့်ရှုအာ…
Sep 02,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၁)ရက်နေ့ က ပြည်မြို့နယ်ရှိ ကျန်းမာရေးဆိုင်ရာနှင့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံ ထိုးနှံပေး
Sep 02,2021
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ရွာသစ်မြို့ တိုက်နယ်ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံထားသူများကို ဒုတိယအကြိမ် အဖြစ် စတင် ထိုးနှံပေး
Sep 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူမြို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများကို ဒုတိယ အကြိမ်အဖြစ် ဆက်လက်ထိုး နှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ၌ ပြင်စလူမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ချောင်းရေလျှံခြင်းကြောင့် မိုးကောင်း သောက်စပါးခင်း ဧက ၈၀ခန့်နှင့်အခြားသီးနှံဧက ၇၀ ခန့်ပျက်စီး
Sep 02,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ယနေ့ နံနက် ၂နာရီမှ နံနက် ၅နာရီခွဲထိ ရွာသွန်းခဲ့သည့်မိုးကြောင့် ချောင်းပေါင်းစုံကျပြီး ကြက်မောက်တောင် ချောင်းရေလျှံကာ ချောင်းဘေးတစ်လျှောက်စိုက်ပျိုးထားသည့် မိုး ကောင်းသောက်စပါး စိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများပျက်စီးဆုံးရှုံးခဲ့ကြောင်း လဲဂွကျေးရွာမိုးကောင်း သောက်စပါးစိုက်ပျိုး တောင်သူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ စစ္စနို့ကျေးရွာ 33/11KV.5MA ဓာတ်အားခွဲရုံတည်ဆောက်ရာတွင် ပါဝင်သည့် ယာမြေများအတွက် လျော်ကြေးငွေပေးအပ်
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ စစ္စနို့ ကျေးရွာ 33/11KV.5MA ဓာတ်အားခွဲရုံ တည်ဆောက်ရာတွင် ပါဝင်သည့် ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း
Sep 02,2021
ဂန့်ဂေါခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပရဟိတအသင်းများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဂန့်ဂေါခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Sep 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် မေလပထမပတ်မှ စတင်၍ ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အလယ်ကုန်း ရပ်ကွက်အတွင်းရှိ ပြည်သူများအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့တွင် ဧရာဝတီမြစ်ရေ(၁၁၈၃)စင်တီမီတာနှင့် ဒုဌဝတီမြစ်ရေ(၈၂၆)စင်တီမီတာသို့ ရောက်ရှိ
Sep 02,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်(၁၂၆၀) စင်တီမီတာဖြစ်သော်လည်း လက်ရှိတွင်(၁၁၈၄)စင်တီမီတာသို့ လည်းကောင်း၊ ဒုဌဝတီ မြစ်ရေသည် စိုးရိမ်ရေအမှတ်(၈၇၀) စင်တီမီတာဖြစ်သော်လည်း လက်ရှိတွင်(၈၂၆) စင်တီမီတာသို့ ရောက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25733
Page
25734
Page
25735
Page
25736
Current page
25737
Page
25738
Page
25739
Page
25740
Page
25741
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department