ကျိုက်လတ်မြို့နယ် ၊ ဆင်တာကျေးရွာအုပ်စုတွင် အလှူရှင်များမှ အိမ်ထောင်စု(၂၀၀)ကျော်အား တစ်အိမ်ထောင်စုလျှင် ဆန်(၄)ပြည်နှင့်အခြား စားသောက်ကုန်များထောက်ပံ့လှူဒါန်းပေး

ကျိုက်လတ်   စက်တင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ် ဆင်တာကျေးရွာအုပ်စု ညောင်ပင်စုကျေးရွာတွင်  ယမန်နေ့က အိမ်ထောင်စု(၂၁၀)အတွက်ဆန်နှင့် အခြား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း ပေးကြောင်းသိရသည်။

လှူဒါန်းရာတွင် အလှူရှင်များဖြစ်သည့် ဆင်တာကျေးရွာ အုပ်စုညောင်ပင်စု ကျေးရွာနေ ဦးမောင်ထွန်း+ဒေါ်မခင်မိသားစုတို့မှ ကိုဗစ်ကာလအတွင်းကျေးရွာများရှိ အခြေခံမိသားစုများ အဆင်ပြေစေရေးအတွက် သံဖြူစုကျေးရွာ၊ညောင်ပင်စုကျေးရွာ၊ ဘိုတဲစုကျေးရွာများရှိ အိမ်ထောင်စု(၂၁၀)စုအား ဆန် ၄ ပြည်၊ဆား ငါးဆယ်သား၊ ဆီသုံးဆယ်သား၊ ကြက်သွန် တစ်ပိဿာ၊ ပါရာစီတမော့ တစ်ကတ်တို့ကို လှူဒါန်းခဲ့ကြကြောင်းသိရသည်။

အလားတူဆင်တာကျေးရွာအုပ်စု ဂုံးစုကျေးရွာရှိ အိမ်ထောင်စု(၈၇)စုတို့ကိုလည်း အလှူရှင် ဦးမောင်ထွန်း +ဒေါ်မခင်မိသားစုတို့က  ဆန် ၃ ပြည်၊ ဆား ငါးဆယ်သား၊ ကြက်သွန် တစ်ပိဿာ၊ ပါရာစီတမော့ တစ်ကတ်တို့ကိုထပ်မံလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင် ကျိုက်လတ်( ပြန်/ဆက်)