ပေါင်မြို့နယ်၌ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်စိမ်း၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း

ပေါင်   စက်တင်ဘာ ၂

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ဝါတွင်းကာလအတွင်း ဘုန်းကြီးကျောင်းများ၌ အရုဏ်ဆွမ်းများ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဆွမ်းဆန်စိမ်း၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့ ဆွမ်းဆန်စိမ်း၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ သွားရောက်ဆပ်ကပ် လှူဒါန်းရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲရှိနေသော ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်သံဃာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအခက်အခဲ မရှိစေရန်အတွက် ဆွမ်းဆန်စိမ်း၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)