ဖြူး စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ များပြား လာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းသတ်မှတ်ထားခဲ့ပြီး အဆိုပါ ကာလ မကုန်ဆုံးသေးလျက်ရှိရာ သွားလာမှု များသည့်နေရာ များတွင် ပြည်သူများအား ယနေ့နံနက်ပိုင်းက RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးပေးလျက် ရှိကြောင်း သိရ သည်။
ဖြူးမြို့နယ်အတွင်း ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့မဈေးအနီးရှိ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ဩဂုတ်လ(၃၁)ရက်နေ့က လည်းကောင်း၊ စက်တင်ဘာလ(၁)ရက်နေ့က ဖြူးအဝေးပြေးလမ်းဘေးရှိ(၁၁၅)မိုင် အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် လည်းကောင်း၊ စက်တင်ဘာလ(၂)ရက်နေ့က ဇေယျဝတီမြို့ တို့တွင် လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိအခမဲ့စစ်ဆေးပေးနေကြောင်း သိရ သည်။
ဖြူးမြို့နယ်၌ ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွားပြီး ကျန်းမာရေးဝန်ကြီးဌာနမှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားရှိခဲ့ပြီး ဩဂုတ်လ (၃၁)ရက်အထိ ရောဂါပိုး စစ်ဆေး တွေ့ရှိ၍ အတည်ပြု လူနာ(၁၂၀၂)ဦး၊ သေဆုံးသူမှာ(၇၂)ဦးအထိရှိနေကြောင်း လက်ရှိအခြေအနေအရ ဆေးကုသရေး Centerတွင်(၆၄)ဦး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသူ (၁၀၆၆)ဦး ရှိနေကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ဖြူး(ပြန်/ဆက်)