ကျိုက်မရောမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုးနှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ကျိုက်မရော  စက်တင်ဘာ ၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသည့် လူနာများနှင့် အရေးပေါ်လူနာများ ကုသနိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ၊ PPEဝတ်စုံများနှင့် ကိုဗစ် ရောဂါ ကာကွယ်ရေး သုံးဆက်စပ်ပစ္စည်းများအား ထောက်ပံလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအောက်ဆီဂျင်အိုးများ လှူဒါန်းရာတွင် မော်လမြိုင်မြို့ ငွေမိုးကွန်ကရစ်ကုမ္ပဏီ၊ ဦးမိုးကျော်မိသားစုက ၄၀လီတာ တရုတ်အလုံး(၂၀) တန်ဖိုးငွေသိန်း(၄၀)ကျပ်၊ ၄၀လီတာထိုင်းအိုး ၁၀လုံး၊ တန်ဖိုး သိန်း(၃၀)ကျပ်၊ ဦးအောင်မိုး၊ ဒေါ်အေးမြအောင်မိသားစု၊ စတီး(Stenteer)မှ၄၀လီတာအိုး၊ တရုတ် ၁၀လုံး၊ ဦးထက်လင်းထွေးအား မာန်ဖြိုးကုမ္ပဏီ မော်လမြိုင်မြို့မှ၄၀လီတာအိုး ၇လုံး၊ ဦးဇော်လင်းထူး(သံလွင်ယာဥ်ကုမ္ပဏီ)မှ ၄၀လီတာအိုး ၇လုံး၊စုစုပေါင်းအောက်ဆီဂျင် ၄၀လီတာအိုး(တရုတ်) (၄၄)လုံး၊ ထိုင်း(၂၀)လုံးစုစုပေါင်း၆၄ လုံးနှင့် ဦးနိုင်နိုင်မိသားစုမှPPEဝတ်စုံ(၁၆၀)တန်ဖိုးငွေ ၃၂သိန်းတို့ကို ထောက်ပံလှူဒါန်းပေးခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှအဖွဲ့ဝင်များနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)