တံတားဦး ၊ စက်တင်ဘာ -၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်(၁၂၆၀) စင်တီမီတာဖြစ်သော်လည်း လက်ရှိတွင်(၁၁၈၄)စင်တီမီတာသို့လည်းကောင်း ၊ ဒုဌဝတီ မြစ်ရေသည် စိုးရိမ်ရေအမှတ်(၈၇၀)စင်တီမီတာဖြစ်သော်လည်း လက်ရှိတွင်(၈၂၆)စင်တီမီတာသို့ ရောက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
အဆိုပါမြစ်ရေတက်မှုကြောင့် တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများနှင့် ကျေးရွာအုပ်စုမှ အိမ်ခြေ ၊ အိမ်ထောင်စုများ ပြောင်းရွေ့နေရာချထားရေး ၊ လူနှင့် ကျွဲ ၊ နွား တိရိစ္ဆာန်များ ဆုံးရှုံးမှုမရှိစေရေး ၊ နီးစပ်ရာရေဘေးရှောင်စခန်းများသို့ ပြောင်းရွေ့နေထိုင်ရေးတို့ကို သက်ဆိုင်ဌာန များနှင့်ပူးပေါင်းပြီး ရေဘေးရှောင်စခန်းများသို့သွားရောက်၍ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ရေး စသည်တို့အား တွေ့ဆုံလမ်းညွှန်မှုပြုခဲ့ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စိုးထံမှ သိရသည် ။
တံတားဦးမြို့နယ်တွင် ရေဘေးရှောင်ကျေးရွာအုပ်(၅)အုပ်စု ၊ ကျေးရွာပေါင်း(၈)ရွာရှိပါကြောင်း ၊ ပေါက်မြိုင်ကျေးရွာတွင် အိမ်ထောင်စု(၁၀)စုတွင် လူဦးရေပေါင်း(၄၁)ဦး၊ ရွာမကျေးရွာတွင် အိမ်ထောင်စု((၃)စု တွင်လူဦးရေပေါင်း(၁၉)ဦး ၊ တောင်ကုန်းကျေးရွာတွင် အိမ်ထောင်စု(၇)စုတွင် လူဦးရေပေါင်း(၃၅)ဦး ၊ ကူစုကျေးရွာတွင် အိမ်ထောင်စု(၈)စုတွင် လူဦးရေပေါင်း(၄၈)ဦး ၊ မီးသွေးတိုက်ကျေးရွာတွင် အိမ်ထောင်စု(၅)စုတွင် လူဦးရေပေါင်း(၂၅)ဦး ၊ ဂန္ဓာဂရာဇ်ကျေးရွာတွင် အိမ်ထောင်စု(၅)စုတွင် လူဦးရေပေါင်း(၂၄)ဦး ၊ ထောက်ရစ်ကျေးရွာတွင် အိမ်ထောင်စု(၁၇၀)စုတွင် လူဦးရေပေါင်း(၇၁၆)ဦးနှင့် ငါးရာပြားကျေးရွာတွင် အိမ်ထောင်စု(၅)စုတွင် လူဦးရေပေါင်း(၁၇)ဦးဖြစ်ပြီး ရေဘေးရှောင်ပြည်သူများ၏ ကျွဲ ၊ နွား ၊ မြင်း ၊ ဝက် ကောင်ရေမှာ(၁၁၈၇)ကောင်တို့အား ရေလွတ်သို့ ပြောင်းရွေ့နေထိုင်ကြကြောင်းသိရသည် ။
ရဲတင့်(တံတားဦး)