အမြို့မြို့အနယ်နယ်သတင်းများ

Sep 02,2021
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဇလွန်မြို့ကမ်းနားရပ်ကွက် ရေကင်းစခန်းအမှတ်(၃)ကိုကြည့်ရူစစ်ဆေးခဲ့ကြသည်။
Sep 02,2021
အမရပူရမြို့နယ် မိုးရာသီမိုးစပါးစိုက်ပျိုးမှု ထွန်တုံးပိတ်စိုက်ပျိုးခြင်းကို တမုတ်ဆိုးကျေးရွာ အဆင့်မြင့်လယ်ယာ ဒေသ ၁၅၀ မြေပြင်ကွင်းတွင် တောင်သူ ဦးအောင်မျိုးထွန်း လယ်ယာမြေတွင် ယမန်နေ့ နံနက် ၈နာရီအချိန်က အဆိုပါ ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 02,2021
မန္တလေးတိုင်းဒေသကြီး၊  မလှိုင်မြို့နယ်၊ ညောင်အုပ် ကျေးရွာအုပ်စု၊ မြို့ကုန်း ကျေးရွာအနီးရှိ  မြို့ကုန်းဆည် ရေဝင်မြောင်း လက်တံသည် မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့် ယမန်နေ့ ည (၁၁) နာရီ (၄ဝ) မိနစ်  အချိန်ခန့်တွင် အရှည်ပေ(၂ဝ) ခန့်  ကျိုးပြတ်သွားခဲ့ကြောင်းသိရသည်။  
Sep 02,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်  ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေကြသည့် ဘာသာရေးအဖွဲ့အစည်းများထံ ကာကွယ် ရေးသုံးပစ္စည်း၏ ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းသို့ ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ညနေဈေးအတွင်း Mask Campaign ဖြင့် အသိပညာပေး ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ဆောင်ရွက်ခဲ့သည်။
Sep 02,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းက ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများနှင့်အတူတူ ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စုရှိ ဖောင်ဆိပ် ကျေးရွာသို့ ရောက်ရှိကာ ဧရာဝတီမြစ် ရေကာတာများကို ကြည့်ရှုစစ်ဆေးခဲ့​သည်။
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနတွင် ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင် ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အလျား(၈၈)ပေ ၊ အနံ (၃၀)ပေ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ အဆောက်အဦအား တာဝန်ယူတည်ဆောက်သည့် မကွေးမြို့၊ ဆန်းသစ်အောင်လှိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်မြင့်မြတ် ထံက သိရသည်။
Sep 02,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေသန့်စင်စက် တပ်ဆင်နေမှုအား ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Sep 02,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစကြိုမြို့နယ် ပခန်းကြီးနယ် မြေမီးသတ်စခန်း၏ တောင်ဘက်(၂)မိုင်ခန့်အကွာ ဆင်ချောင်းကျေးရွာအုပ်စု၊ ဆင်ချောင်းကျေးရွာအနီး ပခုက္ကူ-မန္တလေးကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ်(၁၆/၃)နှင့် (၁၆/၄)အကြားနှင့် မြို့နယ်မီးသတ်စခန်း အနောက်တောင်ဘက် (၆)မိုင်ခန့်အကွာ ကံသစ် ကျေးရွာအုပ်စု၊ ကံသစ်ကျေးရွာအနီး ပခုက္ကူ-မန္တလေး ကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၂၁/၀)နှင့်(၂၁/၁) အကြားတို့တွင် ကားလမ်းပေါ် ရေကျော်မှု ယနေ့ နံနက် ၆ နာရီခန့်က ဖြစ်ပွားသည်။