နမ္မတူမြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ စားရေးသောက်ရေးအဆင်ပြေစေရေး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ အလှူငွေများပေးအပ်လှူဒါန်း

နမ္မတူ  စက်တင်ဘာ ၆

နမ္မတူမြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ စားရေးသောက်ရေး အဆင်ပြေစေရေးအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးမှ  ထမင်း/ဟင်းသုံးနပ် (၃)ရက်စာအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မေတ္တာရှင်လူမှုကူညီရေး အသင်းရုံး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်စား စစ်ဗျူဟာအခြေချ (နမ္မတူ)မှ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်တို့က နမ္မတူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ စားရေးသောက်ရေးအဆင်ပြေစေရေးအတွက် ထမင်း/ဟင်းသုံးနပ် (၃)ရက်စာနှင့် အခြားလိုအပ်သည်များအသုံးပြုနိုင်ရေးအတွက် အလှုငွေကျပ် (၅၀၀၀၀၀) ကျပ်အား  မေတ္တာရှင်နာရေးလူမှူကူညီရေးအသင်း တာဝန်ခံ ဦးကျော်မျိုးထွဋ် လက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)