အင်္ဂပူမြို့နယ်တွင် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်

အင်္ဂပူ  စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ်တွင် ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ရေပြင်သက်ကယ် ရှာဖွေကယ် ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် ဝက်သေကျေးရွာအုပ်စု၊ အေးစေတီကျေးရွာ သဘာဝရေပြင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါရှာဖွေကယ်ဆယ်ဇာတ်တိုက်လေ့ကျင့်ခြင်းကို အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးတင်မောင်ထွေး ဦးဆောင်၍ ရှာဖွေကယ်ဆယ်တပ်ဖွဲ့ဝင်များ ရေနစ်သူအား (Speed Board) ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ခြင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေနစ်သူအား ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ်ပြုစုခြင်းတို့ကိုလက်တွေ့ လေ့ကျင့် သရုပ်ပြသခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲသို့  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက် လေ့လာ ကြည့်ရူခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)