ကောလင်း စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံခြင်းကို စက်တင်ဘာ ၆ ရက်နေ့၌ မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့်ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ်ထိုးနှံခြင်းကို စက်တင်ဘာ ၃ ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့်ပြည်သူများအား ထိုးနှံပေးခဲ့ရာ အမျိုးသား ၅၀၁ ဦး၊ အမျိုးသမီး ၆၁၈ ဦး စုစုပေါင်း ၁၁၁၉ ဦး၊ စက်တင်ဘာ ၄ ရက်နေ့တွင် အမျိုးသား ၃၂၈ ဦး၊ အမျိုးသမီး ၃၂၇ ဦး စုစုပေါင်း ၆၅၅ ဦး၊ စက်တင်ဘာ ၅ ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံး၌ အမျိုးသား ၂၁၃ ဦး၊ အမျိုးသမီး ၂၇၂ ဦး စုစုပေါင်း ၄၈၅ ဦး၊ ကျောက်ပထိုးရွှေစက်ရုံတွင် ဝန်ထမ်းနှင့် မိသားစုများ အမျိုးသား ၁၅၅ဦး၊ အမျိုးသမီး ၁၃၆ဦး၊ စုစုပေါင်း ၂၉၁ ဦး၊ မြောက်အင်းဘုန်းတော်ကြီးကျောင်းတွင် သံဃာတော် ၄၁ ပါး၊ သီလရှင် ၁ ပါး၊ စုစုပေါင်း ၄၂ ပါး၊ စံတော်သာဘိုးဘွားရိပ်သာတွင် အဘိုး ၂ ဦး၊ အဘွား ၁၂ ဦး စုစုပေါင်း ၁၄ ဦးထိုးနှံပေးခဲ့ပြီးဖြစ်သည်။
စက်တင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အမျိုးသား ၁၂၄၀ ဦး၊ အမျိုးသမီး ၁၃၆၆ ဦး စုစုပေါင် ၂၆၀၆ ဦး ကောလင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်ကုသရေးကော်မတီမှ သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ် ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)