သရက်မြို့၌ ရေဘေးသင့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်

သရက် စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ပိဿလိမ်းကျင်းကျေးရွာမှ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စု (၁၅)စုမှ လူဦးရေ (၆၆) ဦးအတွက်  ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။    
 

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လူတစ်ဦးလျှင် တစ်ပတ်စာဆန်ဖိုး(၂၁၀၀/-)နှုန်းဖြင့် ပိဿလိမ်းကျေးရွာမှ အိမ်ထောင်စု(၁၅)စုမှ လူဦးရေ(၆၆)ဦး အတွက် ငွေကျပ် (၁၃၈၆၀၀/-) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာထွန်းနှင့်တာဝန်ရှိသူများက ရေဘေးသင့်ခဲ့သော အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။   
 

ဇော်ဝမ်းထွန်း