အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လိုက်လံ စာရင်းကောက်ယူလျက်ရှိရာမှ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ ကြီးကြပ်မှုဖြင့် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက် စာရေးများက ပြည်သူများနေအိမ်သို့ တစ်အိမ်တက်ဆင်း ဆက်လက်၍ လိုက်လံ စာရင်းကောက်ယူလျက်ရှိသည်။
Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေး ကြီးကြပ်မှုကော်မတီ မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိဒေသခံပြည်သူများအား ကိုဗစ်- ၁၉ရော ဂါပိုးရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ပေးလျက်ရှိရာ ယနေ့ မနက်(၉)နာရီက မိုင်းကွင်းစုရပ် တွင် ဆေးစစ်ဆေး မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 13,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ တောင်သူဦးစိုးဝင်း၏ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်( ၆ )ဧက စိုက်ခင်း၌ ကျင်းပသည်။
Sep 13,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေနံနက် ၉နာရီက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိကြသည့် လက်လုပ် လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအား ယမန်နေ့ ညနေပိုင်းက Stay Home 4U Project အဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ မြန်အောင်မြို့၌ ကိုဗစ်အတည်ပြုလူနာပိုးတွေ့ ရပ်ကွက် /ကျေးရွာများရှိ နေအိမ်၊ လမ်းများနှင့် Quarantine ထားရှိနေရာအား ယမန်နေ့က မြန်အောင်မြို့ မေတ္တာရှင်သွေးလှူအဖွဲ့က ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများမှ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဆိပ်ကြီးကျေးရွာ၌ အသိပညာ ပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 13,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်​ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်မှုများကို မြို့ပေါ် ရပ်ကွက်များအတွင်း အသိပေးနှိုးဆော် ဆောင်ရွက်သည်။