ရွှေပြည်သာ စက်တင်ဘာ ၁၃
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေနံနက် ၉နာရီက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး နေကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပွား စေရေးအတွက် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဈေးဝယ်ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်း ရှင်းစေရေးတို့အား ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထ တစ်ပြည်လျှင် ငွေကျပ် (၁၀၀၀)နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် (၅၀၀၀)ဖြင့် ဆန်အိတ် (၉၀) အိတ် အားလည်းကောင်း ၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ်( ၁၇၀၀) နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် (၈၅၀၀) ဖြင့် ဆန်အိတ်(၇၅) အိတ်အားလည်းကောင်း ၊ ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် (၁၈၅၀)ကျပ်နှုန်းဖြင့် ဆီ(၂၀၀)ဘူးအား လည်းကောင်း၊ ကြက်ဥဆယ်လုံး တစ်ကဒ်လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့် (၁၅၀)ကဒ်တို့အား လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အေးမိုး