Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယုမြို့၌ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်း) ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်
Sep 11,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံရှမ်းရိုးရာဓလေ့ ဝေဿန္တရာ ဇာတ်တော်(တန်းဌာန်း)ပွဲတော်ကို တော်သလင်းလဆန်းပိုင်း တစ်ရက်နေ့မှစ၍ လပြည့်ကျော်နေ့အထိ သတ်မှတ်ရက်များအလိုက် ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျဖြင့် ဘုန်းကြီးကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်လျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်(၃၃၂၅)ဦးထိုးနှံပြီးဖြစ်
Sep 11,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆရာတော်၊သံဃာတော်များ၊အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ နိုင်ငံ့၀န်ထမ်းများ၊ စက်ရုံ ၊အလုပ်ရုံများမှ၀န်ထမ်းများ၊ ပရဟိတအသင်း၀င်များ၊ လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျှက်ရှိရာစက်တင်ဘာ(၁၁)ရက်နေ့အထိ(၃၃၂၅)ဦးကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Senovic ဒုတိယအကြိမ်ထိုးနှံပေး
Sep 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကြောင့်သေဆုံးနှုန်း လျှော့ချနိုင်စေရန် ရည်ရွယ်၍ စက်တင်ဘာလ(၁၁)ရက်နေ့က စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားဝန်ထမ်းများအား ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Senovicကို ဝေါမြို့နယ်ခန်းမတွင် ဒုတိယအကြိမ် ထိုးနှံပေးခြင်းများ ပြုလုပ်ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ Volunteer များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် ကျန်းမာရေးသုံး ပစ္စည်းများ ထေ…
Sep 11,2021
မကွေးတိုင်းဒေသကြီးအတွင်းရှိ Volunteer များ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ အစည်းများအတွက် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ် အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြားကာ ကျန်းမာရေးသုံး အကာအကွယ် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိ
Sep 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါကုသရေးလုပ်ငန်းများနှင့် အခြားသော ကျန်းမာရေး စောင့်ရှောက်ပေးမှုများတွင် အသုံးပြုနိုင်ရန် ဆုံနေကြကုမ္ပဏီမှ မတည်၍ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်နှင့် ဆက်ပစ္စည်းများ ယမန်နေ့ နံနက်ပိုင်း က မော်လိုက်မြို့သို့ ရောက်ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်တွင် ကျေးရွာစပါးခင်းများ၌ ငါးမျိုးစိုက် ထည့်ပွဲကျင်းပ
Sep 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှမြို့နယ်အတွင်းငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ပေါများစေရန်၊ ငါးမျိုးပြုန်းတီးမှုလျော့ပါးစေရေး၊ ဒေသနေပြည်သူများ ငါးရိက္ခာ ဖူလုံစေရေးနှင့် ငါးစားသုံးမှုမြင့်မားစေရေး တို့ကိုရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ချောင်းဖျား ကျေးရွာအုပ်စု ၊ ခြောက်အိမ်စုကျေးရွာရှိစပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်အတွင်းရှိစာသင်တိုက်နှင့်ကျောင်းတိုက်များရှိသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test kit ဖြင့် စစ်ဆေးပေး
Sep 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်မြို့မစာသင်တိုက်နှင့် တီကျစ်မြို့မစာသင်တိုက် ကျောင်းခွဲ( ရတနာရွှေဂူ ဘုရား ကြီး )ကျောင်းတိုက်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိဆက်လက် စစ်ဆေး ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်လူမှုထမ်းရုံးမှ သူငယ်တော်ယေဇူး မိဘမဲ့နှင့် မသန်စွမ်းဂေဟာအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်း၊ အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေမျ…
Sep 11,2021
ရှမ်းပြည်နယ် လူမှုဝန်ထမ်းဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသော နေရာဒေသများသို့ ကျန်းမာရေး ကာကွယ်ရေးသုံးပစ္စည်းများ စဉ်ဆက်မပြတ်ထောက်ပံ့ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူး ၊ မိဘမဲ့နှင့် မသန်စွမ်းဂေဟာအတွက် ကျန်းမာရေးသုံးပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ နှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25646
Page
25647
Page
25648
Page
25649
Current page
25650
Page
25651
Page
25652
Page
25653
Page
25654
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department