အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကယားလမ်း ကျေးရွာအုပ်စု ပန်စေမိန်းကျေးရွာ အမကကျောင်းတွင် COVID -19 ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိ ပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Mar 17,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ် အတွင်း ကျန်းမာရေး အသိပညာ ဗဟုသုတများ ပြန့်ပွားစေရေး ဝေးလံခေါင်ဖျား ကျေးလက်ဒေသများ အထိ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုများ လွမ်းခြုံနိုင်ရေး အတွက် ရည်ရွယ်၍ ယနေ့ နံနက်က မြို့နယ် ပြည်သူ့ ဆေးရုံ၌ အရန်သားဖွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
Mar 17,2020
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ယမန်နေ့ နံနက် ၉ နာရီက စာစစ်ဌာန (၉)ခုဖြင့် ဖြေဆိုကျင်းပရာ စုစုပေါင်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူဦးရေ (၂၃၅) ဦးရှိကြောင်း မူဆယ်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
Mar 17,2020
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကာကွယ်ရေးဦးစီးဌာန(FDA) မှ ပြည်နယ် ဝန်ထမ်းများ၊ ဗန်းမော်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကာကွယ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မိုးမောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် စည်ပင်ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီတွင် စစ်ဆေးခဲ့သည်။
Mar 17,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုး သမီးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 17,2020
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နယ်ဝေးမှ ဝင်ရောက်လာ သည့် ခရီးသည် များအား COVID-19 ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့က ညနေ (၅)နာရီ အထိ မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။