မြန်အောင် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ မြန်အောင်မြို့၌ ကိုဗစ်အတည်ပြုလူနာပိုးတွေ့ ရပ်ကွက် /ကျေးရွာများရှိ နေအိမ်၊ လမ်းများနှင့် Quarantine ထားရှိနေရာအား ယမန်နေ့က မြန်အောင်မြို့ မေတ္တာရှင်သွေးလှူအဖွဲ့က ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြန်အောင်မြို့ မေတ္တာရှင်သွေးလှူအဖွဲ့ဝင်များက Quarantine ထားရှိသော မြန်အောင်ရေနံမြေ ဓမ္မာရုံ၊ ပြည်တော်သာ နှင့်ပျဉ်ထောင်တွင်းကျေးရွာတို့ရှိ ပိုးတွေ့နေအိမ်နှင့် နေခြည်တောင်တာ လေးလမ်းတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက်ပိုးသတ်ဆေးဖျန်းခြင်းတို့ဆောင်ရွက်ပေးခဲ့သည်။
မြန်အောင်မြို့နယ်အတွင်း ၁-၅-၂၀၂၁) မှ (၁၂-၉ -၂၀၂၁) နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာပေါင်း (၆၆၆) ဦး၊ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူပေါင်း (၅၈၃)ဦး၊ Positive စင်တာများတွင် ဆေးကုသမှုခံယူနေသူ (၃၉) ဦးရှိပြီး ပိုးတွေ့သေဆုံးသူဦးရေ (၄၄) ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ဝင်းဗိုလ်