အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်က ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက် လာ ကြောင်း သိရသည်။
Sep 11,2021
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင် နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန် များ ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိ ပြီး ယနေ့နံနက် ၈ နာရီတွင် လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ၊ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ကြောင်း သိရသည်။
Sep 11,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြိုရှိ မြိုမဈေးကြီးတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ကုန်မျိုးစုံ ရောင်းဝယ်လျက်ရှိပြီး ယခုလတွင် မင်းဘူးမြိုရှိ ပွဲရုံများသို တစ်နေ့လျှင် ငရုပ်သီးစိမ်း ပိဿာချိန် ၇၀၀၀ ကျော် ဝင်ရောက် လျက် ရှိကြောင်း မင်းဘူးမြို အမှတ် ( ၄ ) ပွဲရုံပိုင်ရှင် ဒေါ်လဲ့ထံမှ သိရသည်။
Sep 11,2021
ရခိုင်ပြည်နယ်၊ ဂွမြို့၊ ဒေါင့်ချောင်းကျေးရွာအုပ်စုရှိ ကွင်းကြီးကမ်းနားနှင့် ကွင်းကြီး တောင်နားကျေးရွာတွင် ကိုဗစ်-၁၉ကာလအတွင်း စာရေးဆရာဝေဟင်အောင်နှင့် ပရဟိတအဖွဲ့မှ ပြည်သူသို့ အခြေခံ စားသောက်ကုန် များကို ယမန်နေ့ ညနေပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 10,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် လမ်းများသန့်ရှင်းလှပရေးနှင့် ယာဉ်အန္တရာယ် ကင်းဝေးရေးအတွက် အနော်ရထာလမ်းမကြီး
Sep 10,2021
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများ ကြောင့် ပြောင်းရွှေ့ရသော  ပုရစ် ၊ရေကောက်ကျေးရွာများသို့   ဒုတိယအကြိမ်(၂)လအတွက် ဆန်နှင့် ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းနှင့်  သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း မှ လက်လုပ်လက်စား အိမ်ထောင်စုများသို့  တစ်အိမ်ထောင်လျှင် ငွေ(၁၀)သိန်းကျပ်  ထောက်ပံ့ပေးအပ်ပွဲ ကျင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက အဆိုပါကျေးရွာရှိ စီမံကိန်းရှင်းလင်းဆောင်တွင် ကျင်းပ ခဲ့သည်။