Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်းတယမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များတွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်
Mar 31,2020
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် မြို့ပေါ်ရပ်ကွက်များသို့ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့ ည ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် Facility Quarantine ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားလျက်ရှိ
Mar 31,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ COVID-19 ရောဂါထိန်းချုပ် ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီဖွဲ့စည်းထားပြီး မြို့နယ်ပြင်ပမှဝင်ရောက်လာသူများအား နေ့စဉ်စစ်ဆေးကြပ်မတ်ခြင်း၊ ရောဂါထိန်းချုပ်ရေး သတင်းကွင်းဆက်ရယူခြင်း သံသယလူနာ စောင့်ကြည့်ခြင်းတို့အတွက် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်မှု နယ်မြေအတွင်းစောင့်ကြည့်လူနာများ ထားရှိမည့်နေရာအစီအမံများကို စီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Facility Quartine ဆောင်ရွက်ထားရှိ
Mar 31,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ သံတောင်ကြီးမြို့ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖများက Facility Quaratile အဖြင့် စောင့်ရှောက်မှုများကို ယနေ့မှ စ၍ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ပမှ ပြန်လည်ရောက်လာသူများအား Facility Quarantine ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှု စစ်ဆေး
Mar 31,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း Facility Quarantine ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး အထူးကြပ်မတ်ဆောင်ရွက်
Mar 31,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းများကို မတ်လ ၂၇ ရက်နေ့မှ စတင်၍ မြို့အဝင်အထွက်များတွင် ခရီးသည်တင်ယာဉ်များနှင့် ပါလာသော ခရီးသည်များအား ကိုယ် အပူချိန် တိုင်းတာခြင်း၊ နေရပ်ပြန်များနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိရာ ဒေသများမှ ပြန်လာသူများအား ကျန်းမာရေးအထူးကြပ်မတ် ကြည့်ရှုခြင်းများကို နေ့စဉ် ဆောင်ရွက်လျက် ရှိရာ မိဘပြည်သူများ၊ အဝေးရောက် မိုင်းကိုင် သူ မိုင်းကိုင်သားများကလည်း အားကြိုးမာန်တက် ပူးပေါင်း ပါဝင်ဆောင်ရွက် လာကြသဖြင့် ရောဂါထိန်းချုပ်၊ ကာကွယ်ရေးအတွက် အလှူငွေများ၊ ကုသရေးပိုင်းတွင် အသုံးပြုရန်ပစ္စည်းများကို လာရောက်လှူဒါန်းကြရာ မိုင်းကိုင် မြို့နယ်၊ ဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် လှူဒါန်းမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၇၂ သိန်းကျော် ရှိနေပြီဖြစ် ကြောင်း၊ ဆက်လက်၍လည်း နေ့စဉ်နှင့်အမျှ အလှူရှင်များ လာရောက်လှူဒါန်း လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့၌ အခြေခံစားသုံးကုန်စည်များ ဈေးနှုန်းတည်ငြိမ်မှုရှိရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းဆောင်ရွက်
Mar 31,2020
လတ်တလောကမ္ဘာနှင့်အဝှမ်း ကူးစက်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့် ကုန်သည်များ ဈေးကစားခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းများ ဖြစ်ပေါ်လာမည်ကို ပြည်သူလူထုများ စိုးရိမ်ပူပန်မှု မရှိစေရန်အတွက် ညောင်ရွှေမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်၊ စစ်ဆေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကြီးကြပ်မှု ကော်မတီသည် ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ညောင်ရွှေမြို့အတွင်းရှိ ဆန်ကုန်သည်ကြီးများနှင့် ဆွေးနွေးညှိနှိုင်းခြင်းကို ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့၌ Facility Quarantine အတွက် သဖန်းကိုင်းပရဟိတကျောင်းတွင် ပြင်ဆင်ထားရှိ
Mar 31,2020
နောင်ချိုမြို့နယ်အတွင်းရှိ COVID-19 သံသယလူနာများအား ထားရှိနိုင်ရန်အတွက် Facility Quarantine ကို သဖန်းကိုင်း ပရဟိတကျောင်းတွင် ပြင်ဆင်ထားရှိထားပြီး ဖြစ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ထောက်ပံ့ခြင်းအခမ်းအနား ပြုလုပ်…
Mar 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်း၌ ယမန်နေ့ နံနက် (၁၁) နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ထောက်ပံ့ခြင်း အခမ်းအနား ပြုလုပ်ရာ
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25639
Page
25640
Page
25641
Page
25642
Current page
25643
Page
25644
Page
25645
Page
25646
Page
25647
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department