အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Sep 11,2021
နိုင်ငံတော်အစိုးရ၏ ချည်မျှင်ရှည်ဝါကုန်ကြမ်းလိုအပ်ချက်ကို တစ်စိတ်တစ်ဒေသ အထောက်အပံ့ ဖြစ်စေရန်၊ တောင်သူများဆောင်းသီးနှံအစားထိုး ဝါသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိစေရန်နှင့် ဝါသီးနှံ စိုက်ပျိုးနည်းစနစ်ကို ကျွမ်းကျင်မှုရှိလာစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း ခရိုင်၊ ဝန်းသိုမြို့နယ်တွင် ဆောင်းသီးနှံအစားထိုး မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ ၂၅ဧကကို စမ်းသပ် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 11,2021
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းလေးကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေး တောင်သူများအား ဇာပြာလှောင်အိမ်ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့နယ်၊ နန်းသဲကျေးရွာ၊ နန်းကပ်ချောင်းနံဘေးရှိ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
Sep 11,2021
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့ကို အခြေခံမူ(၇)ချက်ဖြင့် ယနေ့ နံနက်(၉)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခမ်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတိုက်(၄)တိုက်အားဆွမ်းဆန်စိမ်း၊ဆီ၊ပဲ၊ဆားတို့ကို ယနေ့နံနက်(၉)နာရီခွဲက ဥယျာဉ်ကျောင်းတိုက်တွင် လှူဒါန်းပွဲအခမ်းအနားကျင်ပခဲ့သည်။
Sep 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ Clean And Green City ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အရှေ့ရပ်ကွက်အောင်မေတ္တာလမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းသို့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
Sep 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်လိုအပ် ချက်ဖြည့် ဆည်းပေးနိုင်ရေးအတွက် (၄၀)လီတာ အောက်ဆီဂျင်အိုးအလုံး(၂၀)နှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမတွင် ပေးအပ် လှူဒါန်းခဲ့‌ ကြောင်း သိရသည်။