အမြို့မြို့အနယ်နယ်သတင်းများ

Mar 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို လင်းခေးခရိုင် ခရိုင်အဆင့် တည်ဆောက် ရေး လုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် ကော်မတီဝင်များသည် မိုးနဲမြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ် နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကွင်းဆင်း ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 21,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ (COVID-19) ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် (COVID -19) ရောဂါ အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများနှင့်စာစောင်များကို ပြသဆောင်ရွက်ထားလျက်ရှိသည်။
Mar 21,2020
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဘားအံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြို့ပေါ်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၁)အုပ်စုအတွင်း ကျေးရွာများတွင် COVID−19 ရောဂါအကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးအတွက် အသိပေးဗီနိုင်းများ စိုက်ထူခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Mar 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ ၂ နာရီအချိန်က လူစည်ကားရာ ဗဟိုဈေးကြီးအနီး ညဈေးတွင် ခရီးသွား ပြည်သူများနှင့် ဈေးဝယ်သူများကို ရှမ်း/မြန်မာ နှစ်ဘာသာပါ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းများကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
Mar 21,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများ ကို ယမန်နေ့ညနေ(၃)နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။
Mar 21,2020
COVID-19 ရောဂါကြောင့် မြဝတီမြို့၌ နယ်စပ်ဂိတ်များ ပိတ်ပင်ခဲ့ပြီး တရားမဝင် နယ်စပ် ဖြတ်သန်းသွားလာမှု မရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ လတ်တလော နယ်မြေ ဒေသ အခြေအနေအရ လှေဂိတ်များမှတဆင့် သောင်ရင်းမြစ်အတွင်း ဖြတ်သန်း သွားလာလျက် ရှိသည့် လုပ်သားပြည်သူအများ သွားရေးလာရေး အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း သိရှိရပါသဖြင့်
Mar 21,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် (COVID-19)ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီ က မုဒုံမြို့ ၊မြို့မ(၃)ရပ်ကွက်ရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်သည်။
Mar 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ (COVID-19)ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲအား ယမန်နေ့ ညနေ ၅ နာရီအချိန်က ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။