တကောင်း စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေး ကြီးကြပ်မှုကော်မတီ မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိဒေသခံပြည်သူများအား ကိုဗစ်- ၁၉ရော ဂါပိုးရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ပေးလျက်ရှိရာ ယနေ့ မနက်(၉)နာရီက မိုင်းကွင်းစုရပ် တွင် ဆေးစစ်ဆေး မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူဦးဆောင်ကာ ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာမှ အုပ်ချုပ်ရေးမှူး များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များရှိ ပြည်သူ (၈၉)ဦးအား အခမဲ့စစ်ဆေးပေးခဲ့ရာ ရောဂါ ပိုးတွေ့ရှိသူ ကျောက်အိုက်ကျေးရွာမှ အမျိုးသာ(၁)ဦး သာတွေ့ ရှိကြောင်းသိရသည်။
တကောင်းမြို့တွင်ယနေ့ချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေအတည်ပြု လူနာ ( ၁၈၆) ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်း လာသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ(၁၅၆)ဉီး၊သေဆုံးသူ(၁၁)ဦးရှိကြောင်း ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်