အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာရှင်ပြည်သူများ စုပေါင်း လှူဒါန်းသော ဆွမ်းဆန်(၆၀၁)အိတ်၊ ဆီ(၁၀၅၀)ပိသာ၊ ပဲ (၁၇၄၀)ပိသာ၊ ဆား(၃၀၅) ပိသာ လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ဟင်္သာတမြို့ မြစ်ကွေ့ကျောင်း တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 12,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ တော်လှအင်းအတွင်း ငါးမျိုး စိုက်ထည့်ပေးပြီး ပန်းခင်စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ကြသည်။
Sep 11,2021
မွန်​​ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများအားအတွက် ကျန်းမာရေးသုံး အကွာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ ညနေ ၃ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၌ ကျင်းပခဲ့ပါသည်။
Sep 11,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများတွင် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ကျေးလက်ကျန်းမာရေး ဌာနများဖြစ်သည့် ကုန်းခင်၊ ဘဲအင်း၊ သစ်ဝ၊ ကျောက်တန်း ကျေးလက်ကျန်းမာရေးဌာနတို့တွင် ယနေ့ နံနက်၁၀နာရီမှ ညနေ၃နာရီထိဆေးထိုးစုရပ် သတ်မှတ်နေရာများ၌ ဆက် လက်ထိုးနှံပေးလျက်ရှိသည်။
Sep 11,2021
ကျန်းမာရေးကိစ္စရပ်များတွင် သုံးစွဲသွားနိုင်ရန်အတွက် အသက်(၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းဖြစ်သူများအား အလှူငွေများ လှူဒါန်းပေးခြင်းကို ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ တော်လတဲ့ကျေးရွာတွင် ကျေးရွာသက်ကြီးဘိုးဘွားများကူညီစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက်လိုက်လံလှူဒါန်းပေး လျက်ရှိကြောင်းသိရပြီး အသက် (၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများကိုမူ တစ်ဦးလျှင် အလှူငွေကျပ်နှစ်သောင်း လစဉ်ပုံမှန် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
Sep 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ လွဲပြောင်းလာသည့် နေရပ်ပြန်ပြည်သူ အမျိုးသား(၁၁၉)ဦး၊အမျိုးသမီး (၈၁)ဦး၊စုစုပေါင်း (၂၀၀)ဉီးကို ယနေ့ နေ့လယ်က မြန်မာဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံခဲ့ကြသည်။
Sep 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စုအတွက် သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ပလောက်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာ ခန်းမ၌ ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။