လှည်းကူး စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိကြသည့် လက်လုပ် လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအား ယမန်နေ့ ညနေပိုင်းက Stay Home 4U Project အဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လှူဒါန်းရာတွင် ကျွန်းကုန်းကျေးရွာမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)ပြည်၊ ဆီ(၁၅)ကျပ်သား၊ ကြက်သွန်နီ(၅၀)ကျပ်သား၊ ကြက်ဥ (၃)လုံး၊ ဆား(၁)ထုပ်၊ အသားမှုန့်(၁)ထုပ်နှင့် ဂေါ်ရခါးသီး(၄) လုံး တစ်ထုပ်တို့ဖြင့် စုစုပေါင်း အိမ်ထောင်စု (၅၀)ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ Stay Home 4U Project အဖွဲ့ကို ပရဟိတဝါသနာတူညီအစ်ကို/ မောင်နှစ်မများဖြင့် စုစည်း ဖွဲ့စည်းထားကြောင်း သိရပြီး စေတနာရှင် ပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုများဖြင့် တစ်ပတ်လျှင် ၂ ကြိမ် စားနပ်ရိက္ခာများကို သွားရောက်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းမှု သည် (၉)ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်