အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုလျော့ကျစေရန်အတွက် ပြည်သူများကျယ် ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့်ပူး ပေါင်းပါဝင် နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ယမန်နေ့ နေ့လည်(၁၂) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ သံသယရှိသူများကို၊ နေ့စဉ် နံနက်(၉) နာရီမှ မွန်းလွဲ(၂)နာရီအထိ RDT Test Kit ဖြင့် စစ်ဆေးပေးလျှက်ရှိရာ၊ စက်တင်ဘာ (၁၃)ရက်နေ့တွင် ရောဂါပိုး တွေ့ရှိသူ (၁) ဦးသာရှိကြောင်း အဆိုပါဆေးရုံမှ သိရသည်။
Sep 13,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ သံသယ လက္ခဏာဖြင့် လာရောက် ပြသ လာသူ (၂)ဦးအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ(RDT)ဖြင့် စစ်ဆေးရာ(၂)ဦးစလုံးတွင်ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ပိုးတွေ့ အတည်ပြုလူနာ(၇၉)ဦး ထိရှိလာပြီးဖြစ်ကြောင်း မြို့ နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 13,2021
 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အမှတ်(၃)ရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမြင့်ဦးနှင့် စာရေးဝန်ထမ်းက နေအိမ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ အာယုပါလက ပရဟိတအသင်းမှ တကောင်းမြို့ လူမှုကူညီရေးအသင်းသို့ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် Oxygen အိုးများ လာရောက် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၁)နာရီက တကောင်းမြို့ လူမှုကူညီရေး အသင်းရုံး တွင် လှူဒါန်းခဲ့ ကြောင်းသိရသည်။
Sep 13,2021
  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြိုန့ယ် ရေကန်တောင်ကျေးရွာတွင် ယနေ့ နံနက်(၈)နာရီ အချိန်မှစတင်ကာ အခြေခံစားကုန်ဖြစ်သည့် ဆန်(၈)ပြည့်အိတ်(၁၀၀၀)အိတ်ကို လှူဒါန်း ပေးလျက်ရှိကြောင်းသိရသည်။
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ချောင်းရှည်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ တောင်သူ ဦးဌေးလွင်နေအိမ်တွင် စွန့်ပစ်ပစ္စည်းများဖြင့် အီးအမ်ဘိုကာချီ သဘာ၀ ဓာတ်မြေဩဇာ ပြုလုပ်ထားကြောင်း သိရသည်။
Sep 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကွတ်ခိုင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းများတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကပ်ပြားများပြုလုပ်‌ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း၍ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။