ပုသိမ်ကြီးမြို့ အာယုပါလကပရဟိတအသင်းမှ တကောင်းမြို့လူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများ နှင့် Oxygen အိုးများလာရောက်လှူဒါန်း

တကောင်း စက်တင်ဘာ ၁၃

 

မန္တလေးတိုင်းဒေသကြီး၊  ပုသိမ်ကြီးမြို့  အာယုပါလက   ပရဟိတအသင်းမှ   တကောင်းမြို့  လူမှုကူညီရေးအသင်းသို့ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် Oxygen အိုးများ လာရောက်  လှူဒါန်းခြင်းကို ယနေ့နံနက် (၁၁)နာရီက တကောင်းမြို့ လူမှုကူညီရေး အသင်းရုံး တွင် လှူဒါန်းခဲ့ ကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဒေသခံပြည်သူများနှင့် အရေးပေါ်လူနာများအားကုသပေး ရာ၌အခက်အခဲမရှိစေရန်အတွက် အာယုပါလက ပရဟိတအသင်းမှ Oxygen 40L အိုး (၁၀)လုံး၊ N95 Mask (၁)ဗူး၊ PPE ဝတ်စုံ (၁၀)စုံ၊ လက်အိတ် (၁)ဗူးတို့အား တကောင်း မြို့လူမှုကူညီရေးအသင်းသို့ လှူဒါန်းပေးခဲ့ရာ ချမ်းသာကြီးကျောင်းဆရာတော် ဦးတေဇသာရ မှ လက်ခံရယူပြီး တကောင်းမြို့ လူမှုကူညီရေးအသင်းနာယက ဦးထွန်းလှအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

  မြို့နယ်(ပြန်/ဆက်)