Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လိပ်သိုမြို့အတွင်းရှိ ရပ်ကွက်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး နှိုးဆော်မှု များဆောင်ရွက်
Sep 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ရှိလာ သဖြင့် ကိုဗစ် ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုအား Hand Speaker ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၄ ရက်နေ့နံနက် ၉ နာရီ အချိန်က မြို့အတွင်းရှိ အမှတ်(၃)ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinophram) ဒုတိယအကြိမ်တွင် လူဦးရေ (၃၅၆၇)ဦး ထိုးနှံပြီးဖြစ်
Sep 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ် ဆေးဆက်လက်ထိုးနှံခြင်း (၉)ရက်မြောက်နေ့အဖြစ် ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ သတ်မှတ်စု ရပ်နေရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ OSS ခန်းမ၊ ဆားလင်းကြီး (အထက) ရှိ ပန်းမြတ်သဇင်ခန်းမတို့တွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ၈ရက်မြောက်နေ့အထိ ၃၄၇၅ဦးအား ထိုးနှံပေးပြီးဖြစ်
Sep 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာဇွဲမာန် ခန်းမ၌ စက်တင်ဘာ ၁၃ရက်၊နံနက် ၉နာရီက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm) ထိုးနှံခဲ့သော အသက် ( ၆၅ )နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဒုတိယ အကြိမ် ၈ရက်မြောက်နေ့အဖြစ် ( ၉၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့တွင် ကိုဗစ်−၁၉ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 14,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကို မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးအစည်း အဝေးခန်းမ၌ ယမန်နေ့ နံနက် ၉နာရီခန့်တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် နေအိမ်များအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်
Sep 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ပိုးတွေ့လူနာများ တွေ့ရှိခဲ့သည့် ရပ်ကွက်များမှ နေအိမ်များအား ပိုးသတ်ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ယနမန်နေ့နံက်ပိုင်းက အဖြူရောင်လူငယ်ပရဟိတအဖွဲ့မှသွား ရောက်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၁ ဒသမ ၈ ပေ ရေကျော်ကျလျက်ရှိ
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးရွာသွန်းမှုများကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေ အတွက် မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုရှိသဖြင့် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ ၁ ဒသမ ၈ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်အိုးများ လှူဒါန်း
Sep 14,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၃) ကုတင် (၃၀၀) တပ်မတော်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေရန်အတွက် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီက ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင်ပြည်သူများကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ
Sep 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးနှင့်ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25615
Page
25616
Page
25617
Page
25618
Current page
25619
Page
25620
Page
25621
Page
25622
Page
25623
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department