ကျွန်းစုမြို့နယ်တွင် အခြေခံလူတန်းစားများအား ဆန်(၈)ပြည့်အိတ် (၁)အိတ်နှုန်းဖြင့် ဆန် အိတ်(၁၀၀၀) လှူဒါန်း

ကျွန်းစု စက်တင်ဘာ ၁၃

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြိုန့ယ် ရေကန်တောင်ကျေးရွာတွင် ယနေ့ နံနက်(၈)နာရီ အချိန်မှစတင်ကာ အခြေခံစားကုန်ဖြစ်သည့် ဆန်(၈)ပြည့်အိတ်(၁၀၀၀)အိတ်ကို လှူဒါန်း ပေးလျက်ရှိကြောင်းသိရသည်။

လှူဒါန်းမှုတွင် ရေကန်တောင်ကျေးရွာနေ အလှူရှင်  ဦးရွေနိုင်နှင့် ဒေါ်ခင်နီဝင်း(ခ)ဒေါ်နီ မိသားစုက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း  ၎င်းတို့၏  ကျေးရွာ၌  နေထိုင်သော လက်လုပ်၊ လက်စား အခြေခံအိမ်ထောင်စုများအား စားသောက်ရေး အဆင်ပြေစေရန်အတွက်  နေအိမ်တစ်အိမ်လျှင် ဆန်(၈)ပြည့်အိတ်၊ (၁)အိတ်နှုန်းဖြင့် ဆန်(၈)ပြည့်အိတ်(၁၀၀၀)ကို လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ 

ကျွန်းစု(ပြန်/ဆက်)