ကလိန်အောင်မြို့တွင် အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးဘိုဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ကလိန်အောင်  စက်တင်ဘာ ၁၃

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အမှတ်(၃)ရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမြင့်ဦးနှင့် စာရေးဝန်ထမ်းက နေအိမ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။

  ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများကို အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမြင့်ဦး နှင့်စာရေးဝန်ထမ်းမှတစ်ဆင့် ရပ်ကွက်အတွင်းရှိ  အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂) ဦးအား တစ်လလျှင်‌ ငွေကျပ်တစ်သောင်းနှုန်းစီဖြင့် ၃ လစာအတွက် ငွေကျပ်သုံးသောင်းစီကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)