Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အောင်သိဒ္ဓိစေတီတော်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ အောင်သိဒ္ဓိ စေတီတော်၌ ယနေ့နံနက် ၉ နာရီအချိန်က၊ ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် သဘာဝဘေးဒဏ်သင့် ကျေးရွာပေါင်း(၂၆)ရွာအား ကျွဲနွားတိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်သွားမည်
Sep 13,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ကျေးရွာပေါင်း(၂၆)ရွာအား ဒေသခံမွေးမြူရေးတောင်သူများ တိရစ္ဆာန်အစာ အခက်အခဲ မဖြစ်စေရေးအတွက် တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ ထိခိုက်လွယ်အုပ်စုရှိ ကိုယ်ဝန်ဆောင်၊ အသက် ၅ နှစ်အောက်ကလေးငယ်နှင့် အသက် ၆၀ နှစ်အထက်ရှိသူများအား ထောက်ပံ့ကြေးပေးအပ်
Sep 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ Quarantine ဝင်ရောက်နေသူများနှင့် Positive center ရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်၊ အသက် ၅ နှစ်အောက်ကလေးငယ်များ၊ အသက် ၆၀ နှစ်အထက်နှင့် မသန်စွမ်းသူများ အာဟာရလုံလောက်စွာ စားသုံးနိုင်ရန်အတွက် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်း က သက်ဆိုင်ရာအိမ်အရောက် သွားရောက်ကာ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်၌ ဝါစိုက်ပျိုးနည်း လက်တွေ့စမ်းသပ်စိုက်ပျိုးပြသ
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကင်းကြိမ်ဖူးကုန်းကျေးရွာနေ တောင်သူ ဦးကျော်လှ ယာမြေ ၂ ဧကကွက်တွင် ဆောင်းနှမ်းနေရာအစားထိုး ရွှေတောင်-၈ မိုးနှောင်းချည်မျှင်ရှည်ဝါ လက်တွေ့ စမ်းသပ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်က အရှေ့ဘက် မဟာလောကသီရိ ဘုရားကြီးတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန်ရှိနေသော စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေသူများအား နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့၌ ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော်ခြင်းနှင့်အတူ နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေ
Sep 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့်အချက်များ အသိပညာပေး နှိုးဆော်ခြင်းနှင့်အတူ ပါးစပ်နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က မြို့ပေါ်ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်၌ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပြည်သူများအား လက်သန့်ဆေးရည် ဖျန်းပေးခြင်းများ ဆောင်ရွက်…
Sep 13,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် တာဝန်ရှိဌာနဆိုင်ရာများက ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့မယာယီပျံကျစျေးတွင် ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပြည်သူများအား လက်သန့်ဆေးရည် ဖျန်းပေးခြင်းများ ဆောင်ရွက်ခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25618
Page
25619
Page
25620
Page
25621
Current page
25622
Page
25623
Page
25624
Page
25625
Page
25626
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department